iTunes မှာ Restore လုပ်ခိုင်းသော Error ဖြေရှင်းနည်း....

Saichitthulay | 1:21 AM | Best Blogger Tips 0 comments

iOS သမားတွေ iTools တို့ iFunBox တို့လို 3rd Party App တွေနဲ့သွင်းပြီးတဲ့နောက်ပိုင်းမှာ iTunes က restore လုပ်ခိုင်းတဲ့ပြဿနာကိုတော်တော်များများတွေ့နေရပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းက တော်တော်လေးကိုလွယ်ပါတယ်..
iTools ထဲမှာ FileSystems>iTunes_Control ရဲ့အောက်က iTunes ဆိုတဲ့ folder ကိုဖျက်လိုက်ပါ။ ပြီးရင် ကြိုးပြန်ဖြုတ်ပြီးပြန်တပ်လိုက်ရင် iTunes Library နဲ့ ပြန် sync လုပ်လို့ရပါပြီ

Photo Credit to Jimmy Synster Skull

Huawei Y320C X1 မတက်တာ(73 ကတ်)မလိုပဲဖြေရှင်းနည်း...

Saichitthulay | 1:06 AM | Best Blogger Tips 0 comments
 
Huawei Y320C လိုင်းမတက်တဲ့ပြသာနာကိုအခုတလောတော်တော်ဖြေရှင်းပေးနေရတာနဲ့နည်းလ
မ်းလေးတွေ့လို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
    အရင်ကတော့ 73 Sim ကတ်နဲ့လုပ်ပါတယ် အခုကတော့ပိုပြီးတော့လွယ်ကူရိုးရှင်းသွားပါတယ်....
အရင်ဆုံး..31(mec Card)ထည့်ပြီး 911 ကိုဖုန်းခေါ်လိုက်ပါ ပြီးရင် Home ခလုတ်ကိုနိမ့်ပါ (ဖုန်းမချနဲ့နော်)

အဲမှာမှ Setting ကနေ More ဆိုတာကိုနိမ်ပါ  Mobile Network  ကိုထပ်ဝင်ပါ ပြီးရင် CDMA Network Selection 

ကိုသွားပြီးတော့ empty filter network list  နိမ့်ပေးလိုက်ရုံပါပဲ  Warning ဆိုတဲ့စာတန်းလေးထွက်လာရင်ခနစောင့်လိုက်ပါပျောက်သွားရင်တော့ရပါပြီမရသေးရင်နောက်တစ်ခေါက်ထပ်လုပ်ပေးပါ စမ်းပြီးသားပါအဆင်ပြေလို့မျှဝေလိုက်တာပါကျးဇူးတင်ပါတယ်။.
ဆိုင်သူအားလုံးကိုလဲ Credit ပေးပါတယ်...

Data Recovery Software For Mac

Saichitthulay | 3:22 AM | Best Blogger Tips 1 comments
ကျွန်တော်တို့တွေ File တွေမှားဖျက်မိရင် recovery ပြန်ယူပေးမယ့် software လေးဖြစ်ပါတယ်။ လိုချင်သော သူများအောက်မှာဖော်ပြပေးထားသော လင့်မှာ ဒေါင်းယူ နိုင်ပါတယ်။
ဒီကနေဒေါင်းရန်။

  အသေးစိတ်လေ့လာချင်ရင်တော့  Data Recovery For Mac အသုံးပြုနည်း

Apk+Data ကို Gpk ပြောင်းနည်း

Saichitthulay | 2:43 AM | Best Blogger Tips 0 comments


ကျွန်တော်တို့ Apk+Data ဖိုင်တွေကို တစ်ကွဲဆီ တစ်နေရာဆီ လိုက်ထည့်ပေးနေမယ့်အစား Gpk ဖိုင်ပြောင်းပြီး Install လုပ်လိုရအောင်
GpkCustomPacket.exe လေးတင်ပေးလိုက်ပါတယ်။
လိုချင်တယ် ဆိုရင် ဒီမှာ ဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ။

မူရင်းလင့်တွင် ဖတ်ရှု့ရန်>>>>ဒီကိုနှိပ်ပါ။


ကျွန်တော်တို့ Apk+Data ဖိုင်တွေကို တစ်ကွဲဆီ တစ်နေရာဆီ လိုက်ထည့်ပေးနေမယ့်အစား Gpk ဖိုင်ပြောင်းပြီး Install လုပ်လိုရအောင်
GpkCustomPacket.exe လေးတင်ပေးလိုက်ပါတယ်။
လိုချင်တယ် ဆိုရင် ဒီမှာ ဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ။ - See more at: http://mgchithmwe.blogspot.com/2013/11/apkdata-gpk.html#sthash.gPBd09Vv.dpuf
ကျွန်တော်တို့ Apk+Data ဖိုင်တွေကို တစ်ကွဲဆီ တစ်နေရာဆီ လိုက်ထည့်ပေးနေမယ့်အစား Gpk ဖိုင်ပြောင်းပြီး Install လုပ်လိုရအောင်
GpkCustomPacket.exe လေးတင်ပေးလိုက်ပါတယ်။
လိုချင်တယ် ဆိုရင် ဒီမှာ ဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ။ - See more at: http://mgchithmwe.blogspot.com/2013/11/apkdata-gpk.html#sthash.gPBd09Vv.dpuf
ကျွန်တော်တို့ Apk+Data ဖိုင်တွေကို တစ်ကွဲဆီ တစ်နေရာဆီ လိုက်ထည့်ပေးနေမယ့်အစား Gpk ဖိုင်ပြောင်းပြီး Install လုပ်လိုရအောင်
GpkCustomPacket.exe လေးတင်ပေးလိုက်ပါတယ်။
လိုချင်တယ် ဆိုရင် ဒီမှာ ဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ။ - See more at: http://mgchithmwe.blogspot.com/2013/11/apkdata-gpk.html#sthash.gPBd09Vv.dpuf

Windows 8 Bootable Pendrive တစ်ခုပြုလုပ်ခြင်း

Saichitthulay | 2:36 AM | Best Blogger Tips 0 comments
windows 8 bootable pendrive 
ပုံမှန်အားဖြင့်တော့ Windows တင်ရင် အခွေနဲ့ပဲတင်ကြပါတယ်။
သို့သော် DVD Drive မရှိတဲ့စက်တွေဆိုရင် Memory Stick နဲ့တင်တဲ့
အခါ ပိုအဆင်ပြေမှာပါ။ဒီတော့ Memory Stick နဲ့ Windows 8 ကိုတင်
ဖို့ Windows 8 Bootable Pendrive တစ်ခုပြုလုပ်ပုံကိုဖော်ပြလိုက်ပါ
တယ်။ကျွန်တော် Tech Space မှာတော့ အသေးစိတ်ရေးသားခဲ့ပြီးဖြစ်
ပါတယ်။ဒီမှာတော့ လိုရင်းလောက်ပဲ ရေးလိုက်ပါတယ်။

(၁) Windows 7 USB/DVD Download Tool ကို

http://www.microsoftstore.com/store/msusa/html/pbPage.Help_Win7_usbdvd_dwnTool

မှာ Download လုပ်ပြီး Install ပါ။(Windows 7 ဆိုတဲ့အမည်ကိုဂရုမစိုက်ပါနဲ့ Windows 8 ISO အတွက် လည်းသုံးစွဲနိုင်ပါတယ်)

(၂)Download လုပ် Install ပြီးရင် အဲဒါကို Run ပြီး Windows 8 ISO ဖိုင်ရှိတဲ့နေရာကို Browse လုပ်ပြီးရွေးပါ။

(၃)ယခုအခါမှာတော့ သင့်အနေနဲ့ Bootable DVD Drive သို့မဟုတ် Bootable Pendrive တို့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။သင်က Bootable Pendrive လုပ်ချင်တဲ့ USB Device ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

(၄)Bootable Pendrive လုပ်ချင်တဲ့ USB Drive ကိုရွေးချယ်ပြီးရင် Begin Copying ကို နှိပ်ပါ( USB Drive က အနည်းဆုံး 4GB Free ရှိရပါမယ်။Drive ကို Format ချထားပါ)

(၅) ကော်ပီကူးပြီးသွားရင် ကျွန်တော်တို့ သုံးနေတဲ့ Tool က Windows 8 ISO နဲ့ Bootable Windows 8 USB Installer ကို စတင်ဖန်တီးသွားမှာဖြစ်ပါတယ်။ အဲဒါပြီးတဲ့အခါ “Bootable USB Device created successfully” ဆိုတဲ့ Message ပြပါလိမ့်မယ်။ သင့်ရဲ့ပီစီကို Restart လုပ်ပြီး USB drive မှ boot တက်နိုင်ပြီဖြစ်ပါတယ်။

ယခုတော့ သင့်မှာ Windows 8 Bootable Pendrive တစ်ခုရရှိပြီဖြစ်ပါတယ်။

Ref: http://www.smarttricks.net/create-windows-8-bootable-pendrive/

-------------------------------------------

Nyein Chan (TSJ Tech Team)

Samsung Zawgyi Enabler v1.0 for Android

Saichitthulay | 2:12 AM | Best Blogger Tips 0 comments
 
နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store (www.myanmarmobileapp.com) မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍ Language တွင် Myanmar (Zawgyi) ကိုရွေးချယ်၍ မြန်မာဘာသာစကားဖြင့် ဖုန်းတွင်းစနစ်တစ်ခုလုံးကိုစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတွေအတွက်အခု Samsung Zawgyi Enabler ဆော့ဝဲလေးက အတော်လေးလွယ်ကူအဆင်ပြေသွားစေလိမ့်မယ်လို့ထင်ပါတယ်။ Samsung Zawgyi Enabler ကိုရေးသားဖန်တီးသူကတော့ Myanmar Mobile App Store မှ ဆရာကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ Samsung Zawgyi Enabler v1.0 for Android ကိုအောက်က link များမှာ download ရယူနိုင်ပါတယ်။
     မူရင်းလင့်ကို လေ့လာချင်တယ်ဆိုရင်တော့ ဒီမှာလေ့လာပါ 

ဘာကြောင့် သာသနာကွယ်ခဲ့သလဲ....?

Saichitthulay | 12:03 AM | Best Blogger Tips 0 comments
"အင်ဒိုနီးရှား, မလေးရှား , စင်ကာပူနိုင်ငံများကို မူဆလင်တို့ဝါးမျိုခြင်း" ***************************************** ခ-ပ ၂၃၂ မှ ၂၇၃ အထိ ထီးနန်းစိုးစံခဲ့တဲ့သီရိဓမ္မာသော ကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ရာ သုဝဏ္ဏဘူမိဆိုတဲ့ဌာနတစ်ခုပါဝင်ခဲ့ပါတယ်။ အိန္ဒိယပြည်နာလန္ဒာ တက္ကသိုလ်ပျက်ကြီးကိုယနေ့(၂၁)ရာစုခေတ်မှာတူးဖော်ရာမှရရှိသောကြေး ပုရပိုက်အရ သုဝဏ္ဏဘူမိ ဆိုတာ အင်ဒိုးနီးရှား၊ မလေးရှား၊ စင်ကာပူစသော နိုင်ငံ(၃)နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရှိ သထုံပြည်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဝေါ်တာဟာ ရာစုနှစ်ပေါင်း အတန်ကြာမှ အင်ဒိုနီးရှား စတဲ့နိုင်ငံ(၃)နိုင်ငံကို အမည်မှည့်ခေါ်ဟန်ရှိကြောင်း သမိုင်းသုတေသီတို့က ဆိုပါတယ်။ ယင်းနိုင်ငံများရှိ ဘုရင်ရော ပြည်သူပြည်သားတွေပါ ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပါတယ်။ ၎င်းပြင် ထိုဗုဒ္ဓဘာသာ ဘုရင်များတွင် ၇- ရာစုမှာ စုမတြာကျွန်း တောင်ပိုင်း လင်းတန်းမြို့၌ ထီးနန်းစိုက်တဲ့ သိရီဝိဇယမင်း လက်ထက်မှာ ဗုဒ္ဓဘာသာအလွန်ပင် ထွန်းကားခဲ့ပါတယ်။ ထိုမင်း၏ သိရီဝိဇယ ယူနိဘာဝီတိတက္ကသိုလ်ကြီးမှာ ဂုဏ်သတင်းမွှေး၍ အခြားနိုင်ငံမှ စာသင်သားရဟန်းတော်များ ၀င်လာမစဲတသဲသဲဖြစ်ခဲ့ဘူးပါတယ်။ ထိုမင်းရဲ့ အင်ပါယာနဲ့ ဗုဒ္ဓဘာသာဟာလည်း အင်ဒိုနီးရှားကျွန်းဆွယ် စုအားလုံးအပြင် ပတ်ဝန်းကျင် နယ်ပယ်တွေပါ ပြန့်နှံသွားပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓသာသနာရောင်ဝါ အဲဒီကျွန်းစုတွေမှာ (အေဒီ - ၃ ရာစုမှ အေဒီ ၁၄ ရာစုအထိ) နှစ်ပေါင်း ၁၈၀၀ လောက် ထွန်းကား ပြန့်နှံ့ခဲ့ပြီး ကမ္ဘာကျော် ကမ္ဘာ့အံ့မခန်းဖြစ်တဲ့ ဗောဒေါဗုဒ္ဓောစေတီ တော်ကြီးနဲ့ စေတီပုထိုးပေါင်း မြောက်မြားစွာတည်ဆောက်ခဲ့ပါတယ်။ ယဉ်ကျေးမှုလည်း အလွန်လက်ရာ မြောက်ခဲ့ပါတယ်။ စေတီတော်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံး စေတီတော်ကြီးဖြစ်ပြီး ဘိုးတော်ဘုရား မပြီးစီးတဲ့ မင်းကွန်းပုထိုးတော်ကြီး ထက်လည်း ကြီးမားပါတယ်။ ဖိနပ်တော်မှာ မျက်နှာတစ်ဘက်စီတွင် ၃၉၄ - ပေ ရှည်လျားပြီး စတုရန်းပတ်လည်ရှိပါတယ်။ စေတီရံပေါင်း ရုပ်ပွားတော်ပေါင်း မြောက်များစွာနဲ့ အလွန် ခမ်းခမ်း နားနားရှိလို့ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှား အစိုးရအကူအညီနဲ့ ဒေါ်လာသန်းပေါင်းများစွာနဲ့ ပြုပြင်ခဲ့လို့ (၁၉၈၃)ခုနှစ် လောက်ကအောင်မြင်စွာပြုပြင် ပြီးစီးပြီးဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှားအစိုးရတို့ ပူးတွဲပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေသဘောနဲ့ ပြုပြင်ခဲ့တဲ့ ဗောဒေါဗုဒ္ဓော စေတီတော်ကြီးရဲ့ စေတီ တော်တော်များကို မူဆလင် အယူ သည်း အကြမ်းဖက်အုပ်စုတစ်စုက ဖောက်ခွဲ ပျက်စီးပစ် ကြပါတယ်။ ဒေါ်လာ၂၅ သန်းကျော်ကုန်ကျတဲ့ ပြုပြင်မှုမှာ (၁၀)နှစ်ခန့် နောက်ကျသွားကြောင်း ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်များ ထိုကျွန်းသို့ ရောက်ရှိပြီးနောက် ခပ- ၄ ရာစုခန့်တွင် ဟိန္ဒူဗုဒ္ဓဘာသာဝင် ပလ္လ၀ါကုန်သည်များ သွားရောက်ကြပြီး နယ်သစ် ပယ်သစ် တည်ဆောက်ကြပါတယ်။ ပလ္လ၀ါမင်းများဟာ နိုင်ငံငယ်လေးများ အဖြစ်နေကြစဉ် အိန္ဒိယနှင့် ကူးလူးဆက်ဆံကာ ဟိန္ဒူဗြဟ္မဏအယူ ၀ါဒကို ကိုးကွယ် ကြပါတယ်။ သိရီဓမ္မ္မသောကမင်းကြီး ထိုကျွန်းစုကို သာသနာပြုပြီးနောက် နှစ်ပေါင်း (၁၅၀၀)ခန့် အကြာမှာ ထိုကျွန်းစုများသို့ မူဆလင်အာရပ်ကုန်သည်များသည် လည်းကောင်း, အိန္ဒိယသား မူဆလင်များသည် လည်းကောင်း စတင်၍ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားရင်း အခြေချလာရောက် နေထိုင်ကြ ပါတယ်။ ယင်းကျွန်းစုများတွင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သာသနာကြီးနှစ်ရပ် ယှဉ်ပြိုင်ထွန်းကားပြီး အချင်းချင်း အံ့သြလောက်အောင် ရိုသေလေးစား၍ ညှိနှိုင်းဆွေးနွေးကြရန် အဆောက်အအုံကြီးများရှိပါတယ်။ ယင်းသို့ အထက်တန်းကျကျ ယဉ်ကျေးနေကြပုံမှာ ကမ္ဘာက အတုစံနမူနာ ယူထိုက်တာတွေ့ရပါတယ်။ ထိုစဉ်အခါက အနောက်နိုင်ငံများတွင် ဘာသာရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးဖို့ဝေးစွ အကြီးအကျယ် စစ်ပွဲဆင်နွဲ သတ်ဖြတ် ရက်စက် ကြမ်းကြုတ်နေဆဲဖြစ်ပါတယ်။ အဲဒါနဲ့ အာရပ်ကုလား မူဆလင်တို့ အခြေချရာမှကျွန်းသူတွေနဲ့ရင်းနှီးပြီး လက်ထပ်မျိုးပွားကြပါ တယ်။ လူဖောက်သာသနာပြုကြပါတယ်။ အဲဒီကျွန်းစုတွေမှာ မူဆလင်ကုန်သည်တွေက အနုနည်းဖြင့် လူဖောက်သာသနာပြုချိန်မှာ တစ်ဖက်မှ မူဆလင်စစ်တပ်များက ဥရောပသို့ အပြင်းအထန် ချီတက် တိုက်ခိုက်နေချိန်ဖြစ်ပါတယ်။ ဒီလိုနဲ့ လူဖောက်လို့ မူဆလင်ဦးရေများပြီး အင်အားတောင့်တင်းလာတဲ့ အရပ်တွေမှာ ဟိန္ဒူဗုဒ္ဓဘာသာခေါ်တဲ့ ဘုရင်တွေဖြုတ်ပြီး စု(လ်)တန်လို့ခေါ်တဲ့ မူဆလင်ဘုရင်ငယ်တွေကို တင်မြှောက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အချို့နေရာတွေမှာ မူဆလင်တွေကို ရ .၀. တတို့ , ဘာတို့ တင်မြှောက်ထားကြတာ အန္တရာယ်ကြီးလှကြောင်း ဒီအချက်က သာဓကပြနေပါတယ်။ ရွှေမြန်မာတို့ သတိပြုစရာပါ။ ဒီလိုဖြုတ်ပြီးနောက် ရဟန်းတော်တွေကို ခေါင်းဖြတ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ် ဖြတ်ခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေကို သတ်ဖြတ်ခြင်း၊ ထောင်ချခြင်း စတာတွေလုပ်ခဲ့တဲ့အတွက် အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားကျွန်းစုတွေရဲ့ ချောင်ကျတဲ့အရပ်တွေမှာ ဗုဒ္ဓဘာသာ အဆက်အနွယ်များဆိုလို့ လူ တစ်၊နှစ်ပိုင်း တစ်ပိုင်းမှ နှစ်သန်းခန့်ရှိပြီး ဘုရားမရှိ၊ ကျောင်းမရှိနဲ့ အမည်မျှသာခံပြီး ယောင်ချာချာနဲ့ အဆက်ပြတ်နေတဲ့ ဗုဒ္ဓဘာသာနွယ်များရှိကြောင်းကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အင်ဒိုနီးရှားသာသနာပြုမှတ်တမ်းစာမျက်နှာ ၉၃ မှ ၉၆ အတွင်းမှာ ဖတ်ရှုနိုင်ပါတယ်။ အင်ဒိုနီးရှားလူမျိုးတို့ဟာ မူဆလင်တို့၏ ၀ါးမျိုခြင်းကိုခံခဲ့ရသော်လည်း ယနေ့တိုင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ဘာသာစကားသုံးစွဲမှု အတော်များများတို့ကို မစွန့်လွတ်ကြပါချေ။ နိုင်ငံပိုင် အင်ဒိုနီးရှား လေကြောင်း ကုမ္ပဏီကြီးအား ဂဠုံဟူ၍ လည်းကောင်း၊ ကမ္ဘာကျော် အင်ဒိုနီးရှားသမ္မတကြီး ဆူဟာနိ၏ အမည်မှာ ပါဠိသံဖြင် ‘ သုကဏံ္ဏ‘ ဖြစ်ပြီး (သု - လှပသော၊ကဏံ္ဏ- နား ) လှပသောနားပိုင်ရှင်ဟု အဓိပ္ပါယ်ရပါသည်။ ဘုရားရှင်လက်ထက်အခါက မဌကုဏ္ဍလီ သတို့သားကဲ့သို့ ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ယခုထက်တိုင်အောင် အင်ဒိုနီးရှား လူမျိုးတစ်ဦးဦး၏ နောက်ကျောကို အမှတ်မဲ့ထုလိုက်ပါက ‘၀ုဒ် ‘ ဟု ဗုဒ္ဓဘုရားကို ရှေးမိဘဘိုးဘွားတို့ ထားခဲ့သည့်အတိုင်း ယောင်ယမ်းမြည်တမ်းလေ့ရှိနေပါသည်။ အင်ဒိုနီးရှားကျွန်းစုအနီး ယနေ့စင်ကာပူခေါ်တဲ့ နိုင်ငံဟာရှေးက ပါဠိဘာသာနဲ့ ၀င်ဟမူရခေါ်တဲ့ ခြင်္သေ့နိုင်ငံဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၃၀၀၀ကျော်နဲ့ စင်ကာပူ၊မလေးရှားတို့မှာ များပြားလှတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေ ဒီအရပ်ကို စတင်အခြေချပြီး အပြီးတိုင်ဝါးမျိုခြင်းကို ခံရသည်အထိ နှစ်ပေါင်း ၂၅၀ မှ ၃၀၀ ခန့်ကာလအတွင်းမှာ တိမ်ကောသွားရတာ ၀မ်းနည်းဖို့ ကောင်း သလို သတိသံဝေဂရဖို့လည်းကောင်းပါတယ်။ သမိုင်းကြောင်းအရ တိကျတဲ့ အထောက်အထားများအရ မူဆလင်တွေဟာ တစ်ခါတစ်ရံ စစ်တိုက်၍ အကြမ်းဖက်ခြင်းဖြင့် သာသနာပြု လိုသလိုတစ်ခါတစ်ရံ အနု နည်းဖြင့် လူဖောက်ပြီး သာသနာ ပြုကြကာ နောက်ဆုံး အင်အားများလာတဲ့ တစ်နေ့မှ အကြမ်းနည်းအနုနည်း နှစ်ရပ်တို့ဖြင့် အနိုင်ယူတတ်ကြပါတယ်။ ဗေဒါပင်ကို ဧရာမအင်းကြီးတွေ အိုင်ကြီးတွေမှာ တစ်ပင်၊နှစ်ပင် ဆိုသလို တွေ့ခါစမှ ဘယ်သူမှ ဂရုမပြုမိကြဘူး။ တစ်စတစ်စနဲ့ နှစ်အတော်ကြာတော့ များပြားလာ ဒီလိုများပြားလာရာက နှိမ်မရတော့ အင်းကြီးတွေ အိုင်ကြီးတွေ ကန်ကြီးတွေ ကောရသလိုပါဘဲ။ အဲဒီဥပမာကို နောင်လာနောင်သားများ ကြပ်ကြပ်မတ်မတ် ဂရုပြုကြရန် လိုအပ်ပါသည်။ ထပ်ဆင့်မျှဝေလိုက်ပါသည်။ ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝ ကြပါစေ။ 

 Credit to >>>>အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

မိမိရဲ့ File တွေကို တစ်ခြားလူဖွင့်လို့မရအောင် သော့ခတ်မယ်

Saichitthulay | 11:37 PM | Best Blogger Tips 0 comments
ကျွန်တော်တို့တွေ ၀င်းဒိုးတွေမှာ မိမိရဲ့ဖိုင်တွေကို တစ်ခြားလူဖွင့်မရအောင် သော့ခတ်လို့ရသလိုမျိုး ဒီ Macbook တွေပေါ်မှာလည်း သော့ခတ်လို့ရပါတယ်။ ခု ဒီဆော့ဖ်ဝဲ လေးကို တင်ပေးလိုက်ပါတယ်နော်။ ဘယ်လိုလုပ်ရမလဲဆိုတာတော့ ပြောမပြတော့ဘူး ။

ဒီကနေဒေါင်းပါ

ဖုန်းထဲမှာ လျှို့ဝှက်သိမ်းထားတဲ့ Battery ကို ထုတ်သုံးနည်း

Saichitthulay | 12:19 AM | Best Blogger Tips 0 comments
 ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ခုမှပဲရေးဖြစ်တော့တယ်ဗျား။
လက်ကိုင်ဖုန်းတော်တော်များများမှာ လျှို့ဝှက်သိမ်းဆည်းထားတဲ့ Battery စနစ်တစ်ခု ရှိပါတယ် ....အဲဒီစနစ်ပါရှိလို့လဲ ဖုန်းရဲ့ နာရီတို့ ပြက္ခဒိန် တို့ battery မှန်ကန်စွာ အလုပ်လုပ်နိုင်တာပါ.. ကျွန်တော်တို့ ဖုန်းပြောရင်း  အရမ်းအရေးကြီးတဲ့ ကိစ္စတွေပြော
နေရင်းက Battery ကုန်နေပြီဆိုပါစို့ 
*#3370# 
ကို နှိပ်လိုက်ရုံနဲ့ ဖုန်း Battery  သူ့အလိုလို ပြန်ပြည့်လာတာကို တွေ့ရမှာပါလိုအပ်တဲ့
အချိန်မှာ သူ့ကိုနှိပ်ပြီးထုတ်သုံးနိုင်ပါတယ်....Charging ပြန်ဖြည့်တဲ့အချိန်မှာယင်းbattery အတွက်ပါ ဖုန်းကသူ့အလိုလိုပြန်ဖြည့်ပေးပါလိမ့်မယ်...

Macbook ရဲ့ Safari Browser မှာ မြန်မာလိုပေါ်အောင် လုပ်နည်း

Saichitthulay | 9:05 PM | Best Blogger Tips 0 comments
အရင်ဆုံး ဒီ ဖိုင်လေးကို ဒေါင်းလော့ဆွဲလိုက်ပါ။ Fonts နာမည်လေးကတော့ FontTagger ဆိုတာလေးပါ။
   ဆွဲပြီးသွားရင်တော့ Install လုပ်ဖို့ ရလာတဲ့ ဖိုင်လေးကို ကလစ် နှစ်ချက်ခေါက်လိုက်ယုံလေးပါပဲ။
ပြီးသွားရင် Safari လေးပွင့်လာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ အကုန်လုံးပွင့်ပြီးပြီဆိုရင်တော့ Safari လေးကို ပြန်ပိတ်လိုက်ပါ။ ပိတ်ပြီးသွားရင် မိမိရဲ့ Safari လေးကို မြန်မာစာတွေရေးထားတဲ့ဆိုက် ကို တစ်ချက်လောက်ဖွင့်ကြည့်လိုက်ပါ။ (ဥပမာ... www.thithtoolwin.com ပေါ့) အဲ့ဒီမှာ မြန်မာလိုလေးရေး ထားတာကို စိတ်ချမ်းသာစွာ မြင်ရမှာပါ။
 မှတ်ချက်။  ။ ယခု ကျွန်တော်ပေးထားသော ဆော့ဖ်ဝဲသည် Install လုပ်လိုက်တာနဲ့တန်းပျောက်သွားမှာ ပါ။ အဲ့ဒီအတွက်နောက်ထပ် Macbook Computer တွေမှာ ထပ်သုံးချင်ရင် အရင်ဆုံး ကော်ပီ ပွားလိုက်ပေါ့ ။အဆင်ပြေပါစေဗျား။

IOS 7 အတွက် မြန်မာကီးဘုတ် -------------------------------------------

Saichitthulay | 8:54 PM | Best Blogger Tips 0 comments



IOS 7 တွေအတွက် မြန်မာကီးဘုတ်လေးထွက်လာပါပြီ။

Developer ကတော့ KO Hein thet Khin zaw ဖြစ်ပါတယ်...iOS 7 အထက် Devices များမှ

မြန်မာလို Messages များ ၊ Facebook Status များ ၊ Email များ၊ Twitter များ အား မြန်မာ Keyboard

ဖြင့် Copy, Paste လုပ်ရန်မလိုဘဲ တိုက်ရိုက်ရေးသား နိုင်ပါတယ်...။


Download Here >>>>  ဒီလင့်ကနေဆွဲပါ။

မြန်မာ့ မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများ လျှောက်နည်း

Saichitthulay | 8:05 PM | Best Blogger Tips 0 comments


မှာချင်တဲ့ ဝန်ဆောင်မှုတစ်ခုအတွက်ကိုပဲ စာပို့ပါ
- Call wait Service အတွက် ၁၃၃၁ နံပါတ်သို့ SMS ဖြင့် Orderdata CW လို့ ပို့လိုက်ပါ။ ပေးပို့ပြီးနောက် အတည်ပြုချက် စာတို (Notification SMS) ရရှိပါမည်။ အဲ့စာဝင်လာပြီးရင် Orderdata CH လို့ ပို့ရပါမယ်။

- CAll Forwarding အတွက် နံပါတ် ၁၃၃၁ ကိုပဲ Orderdata CF လို့ msg ပို့ပါ။
- Voice Mail Services အတွက် နံပါတ် ၁၃၃၁ ကို Orderdata VMS လို့ ပို့ပါ
- Missed Call Alert အတွက် ၁၃၃၁ ကို Orderdata MCA လို့ပို့ပါ။
အထက်ပါ ၃ ခုအတွက် ပေးပို့ပြီးနောက် အတည်ပြုချက် စာတို (Notification SMS) ရရှိပါမည်။

Call Wait Service နဲ့ Call Forwarding ဝန်ဆောင်မှုက တစ်ခုသုံးမယ်ဆိုရင် နောက်တစ်ခု သုံးလို့မရပါဘူး။
Voice Mail Service နဲ့ Missed Call Alert ကလည်း တစ်ခုသုံးမယ်ဆိုရင် နောက်တစ်ခုမရပါဘူး။

ကောက်ခံမယ့် ဈေးနှုန်းကတော့
CW (Call Wait Service) ------------ တစ်လ ၅၀၀
CF (Call Forward Service) -------- တစ်လ ၉၀၀၀
VMS (Voice Mail Service) --------- တစ်လ ၁၀၀၀
MCA (Missed Call Alert) ----------- တစ်လ ၁၀၀၀

ဝန်ဆောင်မှုကို ပြန်ပိတ်မယ်ဆိုရင်
- 1331 ကို Cancel CF လို့ပို့ရင် Call Forwarding ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel CW လို့ပို့ရင် Call Wait ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel VMS လို့ပို့ရင် Voice Mail ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel MCA လို့ပို့ရင် Missed Call Alert ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်

Ref & Credit : iBlogger

Zawgyi Font For IOS 7

Saichitthulay | 7:38 PM | Best Blogger Tips 0 comments


Zawgyi For IOS 7
      အောက်က လင့်ကို ios 7 က Safari ဖြင့်ဝင်လိုက်ပါ။
ပြီးရင် Install လုပ်လိုက်ပါ။
 Install လုပ်ပြီးသွားရင် Done လုပ်လိုက်ရင် ဇော်ဂျီ Font ကို IOS 7ရဲ့နေရာတိုင်းမှာ Jailbreak မလုပ်ပဲ မြင်ရပါပြီ။
Mobileconfig file ရေးပေးသော ကိုသန့်သက်ကို ကျေးဇူးတင်ပါတယ်။
အပေါ်က link က download မရရင် အောက်က link ကနေ Download ရယူပါ။
Unicode သီးသန့်ပဲ မြင်ချင်တယ်ဆိုရင် အောက်က Link ကို Click လုပ်ပြီး မွန် 3 Font ကိုသွင်းပြီး အသုံးပြုနိုင်ပါတယ်။
Zawgyi ကော Unicode ပါ ၂ခုစလုံးသွင်းရင်တော့ Unicode ပဲမြင်ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုတဲ့ Font တစ်ခုပဲ သွင်းပါ။

    Credit>>> blog.saturngod.net

USB 3.0 drivers များကို Windows 7 installer ထဲသို့ manually ပေါင်းထည့်ခြင်း….

Saichitthulay | 9:48 PM | Best Blogger Tips 0 comments
   ကျွန်တော် ဒီပို့စ်လေးကို ကိုသီဟဦးရေးထားတဲ့ ပို့စ်လေးနဲ့ လိုတာလေးနည်းနည်းပါးပါးလေး ထပ်ဖြည့်စွက်ပြီး တင်ပေးလိုက်ပါတယ်။ သူကတော့ ဒီနည်းကို ရဖို့ တစ်နေကုန်အချိန်ပေးရတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ဒီနည်းနဲ့စမ်းလိုက်တာ အချိန် သုံးရက်တောင်ကုန်သွားတယ်။ :D
အခု ကျွန်တော် မျှဝေမယ့် နည်းက MacBook Air အတွက်လုပ်ခဲ့တာ ဆိုပေမယ့် တစ်ခြား computer, motherboard တွေမှာလည်း လိုအပ်လာရင် သုံးလို့ရမယ်လို့ ထင်ပါတယ်။ USB 3.0 drivers မှ မဟုတ်ပါဘူး။ တစ်ခြား လိုအပ်တဲ့ drivers တွေကိုလည်း Windows 7 installer USB stick ထဲကို ထည့်လို့ ရမှာပါ။
ကျွန်တော့ရဲ့ MacBook Air 2013 model မှာ Intel chipset တွေက နောက်ဆုံးထွက်တွေ ဖြစ်တဲ့အတွက် USB 3.0 controller ပဲ ပါပါတယ်။ USB 2.0 port နဲ့ controller မပါတော့ပါဘူး။ ဒီတော့ ဘယ်မှာသွားပြီး ပြဿနာတက်လည်း ဆိုတော့ Windows 7 install လုပ်မယ် ဆိုရင် Windows 7 installer က USB 3.0 ကို native support မပါပါဘူး။ ဒါကြောင့် installer တက်သွားတဲ့ခါ ပထမဆုံး language selection screen ကိုရောက်ရင် ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ keyboard, mouse, touchpad ဘာကိုမှ မသိတော့လို့ပါ။ အဲဒါတွေ အားလုံးက MacBook Air 2013 မှာ USB 3.0 နဲ့ အလုပ်လုပ်တာကြောင့်လို့ ထင်ပါတယ်။ ဒီတော့ Windows 7 ကို ကိုယ့်ဘာသာ manually boot လုပ်ပြီး တင်ဖို့ မဖြစ်နိုင်ဘူးပေါ့။
Bootcamp Assistant ကို သုံးပြီး သူကနေတစ်ဆင့် USB stick ကို create လုပ်ပြီး သူ့အဆင့်တွေ အတိုင်း လိုက်ပြီး တင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် မကောင်းတာက အဲလိုဆိုရင် Windows အတွက် partition တစ်ခုပဲ လုပ်လို့ရမှာပါ။ ကျွန်တော် က အပို partition တွေ စိတ်ကြိုက် ခွဲချင်တာဆိုတော့ Bootcamp မသုံးပဲ Disk Utility ကို သုံးပြီး စိတ်ကြိုက် partition တွေခွဲတယ်။ ပြီးတော့မှ bootable USB stick ကနေ Windows 7 ကို ကိုယ့်ဘာသာ တင်ချင်တဲ့ သဘောပါ။
Windows 7 ISO disc image ကနေ ဖန်တီးထားတဲ့ Windows 7 installer USB stick ထဲမှာ USB 3.0 driver တွေ မပါလာတော့ ဘာလုပ်ရလည်း ဆိုတော့ USB 3.0 drivers တွေကို ကိုယ့်ဘာသာ အဲဒီ bootable USB ထဲကို ထည့်ပေးရပါတယ်။ Internet ပေါ်ကနေ ၇ှာဖွေထားတဲ့ ဘယ်လိုလုပ်တယ် ဆိုတာ အဆင့်ဆင့်ကို ပြောပြပါမယ်။ လက်တွေ့လည်း အောင်မြင်ခဲ့ပါတယ်။
ပထမဆုံး MacBook Air 2013 အတွက် driver တွေကို download လုပ်ပါတယ်။ အဲဒီ driver တွေထဲက chipset drivers တွေထဲမှာ Intel USB 3.0 Extensible controller driver တွေ ပါပါတယ်။ အဲဒီ driver က ကျွန်တော့ MacBook Air model အတွက် ဖြစ်ပါတယ်။ (Intel website က download ဆွဲတဲ့ဟာက အလုပ်မလုပ်ပါဘူး)။ အဲဒီ USB 3.0 drivers တွေကို Windows 7 bootable USB stick ထဲက driver database ထဲကို ကိုယ့်ဘာသာ manually ထည့်ပေးရမှာ ဖြစ်ပါတယ်။
ပထမဆုံး လုပ်ရမှာက Hard disk ပေါ်က ကြိုက်တဲ့နေရာမှာ winpe ဆိုတဲ့ folder လေး တစ်ခုဆောက်လိုက်ပါ။ အဲဒီ folder ထဲမှာ usb3 နဲ့ mount ဆိုတဲ့ sub-folder ၂ ခုကို ဆောက်လိုက်ပါ။ ခုနက ပြောတဲ့ MacBook Air USB drivers တွေ ရှိတဲ့ folder ထဲမှာ Windows 7 64-bit နဲ့ 32-bit ဆိုပြီး folder နှစ်ခု ရှိပါလိမ့်မယ်။ ကိုယ် အခု install လုပ်မယ့် Windows installer က 64-bit ဆိုရင် drivers တွေကိုလည်း 64-bit သုံးရပါမယ်။ ကျွန်တော်က Windows 7 64-bit ထည့်ချင်တာဆိုတော့ 64-bit drivers တွေကို ခုနက usb3 ဆိုတဲ့ folder လေးထဲကို ထည့်လိုက်ပါတယ်။
ဒုတိယ အဆင့်လုပ်ရမှာက ကျွန်တော်တို့ create လုပ်ထားတဲ့ Windows 7 installer USB stick ထဲက sources ဆိုတဲ့ folder အောက်က boot.wim ဆိုတဲ့ file ကို ခုနက hard disk ပေါ်မှာ ကျွန်တော်တို့ ဆောက်ထားတဲ့ winpe folder အောက်ကို ကူးထည့်ပါ။ (ပုံမှာကြည့်ပါ)။
1 
Driver files တွေလည်းကူးပြီးပြီ၊ boot.wim ကိုလည်း ကူးပြီးပြီ ဆိုရင် Administrative level နဲ့ command prompt ကို ဖွင့်ပါ။ ခုနက winpe folder အောက်ကို သွားပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ command တွေကို တစ်ခုပြီး တစ်ခု ရိုက်ထည့်ပါ။ command တစ်ခုချင်းအတွက် စက်က အလုပ်လုပ်နေရင် ခဏစောင့် ပေးပါ။ လုပ်တာမှန်တယ် ဆိုရင် ဘာ error မပြသင့်ပါဘူး။
dism /mount-wim /wimfile:boot.wim /index:2 /mountdir:mount
dism /image:mount /add-driver:”usb3″ /recurse
dism /unmount-wim /mountdir:mount /commit
အဲဒီ အဆင့်တွေ ပြီးသွားရင် ကျွန်တော်တို့ usb3 folder အောက်က drivers တွေ အားလုံး boot.wim ဆိုတဲ့ file ထဲကို ၀င်သွားပါပြီ။ 
ဒီလိုလေးမြင်ရမယ်။
winpe folder အောက်က boot.wim ဆိုတဲ့ file ကို bootable USB stick ထဲက sources folder အောက်ကို ပြန်ကူးထည့်ပေးလိုက်ပါ။ File အဟောင်းကို overwrite လုပ်လိုက်ပေါ့။
အဲဒါပြီးသွားရင်တော့ Windows 7 USB memory stick ကနေ USB 3.0 ကို သိသွားပြီး MacBook Air 2013 model မှာ ကောင်းကောင်း အလုပ်လုပ်သွားပါ လိမ့်မယ်။ ကျွန်တော် အခုပြတဲ့နည်းက USB 3.0 drivers မှ မဟုတ်ပါဘူး။ တစ်ခြား driver တွေအတွက်လည်း theoretically အလုပ်လုပ်သင့်ပါတယ်။ ပြီးတော့ တစ်ခြား motherboard တွေ အတွက်လည်း အလုပ်လုပ်ပါလိမ့်မယ်။ ဒီနည်းနဲ့ MacBook Air 2013 တွေမှာ Windows 7 ထည့်မရ ပြဿနာကိုလည်း ဖြေရှင်းနိုင်ကြမယ် လို့ မျှော်လင့်ပါတယ်….။

      မိတ်ဆွေတို့မှာ အဆင်မပြေတာလေးများ ရှိခဲ့ရင် မေးလ်ပို့ပြီး ဖြစ်စေ (သို့မဟုတ်) ကွန်မန့်ပေးပြီး ဖြစ်စေ မေးမြန်းနိုင်ပါတယ်။



Credit>>>> ကိုသီဟဦး

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family