iPhone တွင် Message Centre Number Change နည်း

Saichitthulay | 8:38 PM | Best Blogger Tips 0 comments

အများဆုံး ဖြစ်နေကြတဲ့ ပြသနာ တစ်ခုပါပဲ
iPhone တွေမှာ Message အ၀င်အထွက်မရတာ အဆင်မပြေတာ
တိုင်ပတ်နေတဲ့ သူတွေအတွက် နည်းလမ်းလေးပါခင်ဗျာ..
အရင်ဆုံး ကိုယ့် Message Center Code မှန်မမှန် အရင်စစ်ဆေးပါမယ်..
ဖုန်းခေါ်ဆိုရာ Keypad ကို ဖွင့်ပါမယ်
အောက်ပါ အတိုင်း ရိုက်ပါ

**5005*7672*your Service Center number#

အထက်ပါအတိုင်း Your Service Center Number နေရာတွင် ကိုယ့်နိုင်ငံရဲ့ Message Center Number ကို အစားထိုးပေးပါ။ မြန်မာနိုင်ငံမှာတော့ +9595930003 ပေါ့။ ပြီးရင် call ကိုနှိပ်လိုက်ပါ။

 

Android ဖုန်းမှတစ်ဆင့် Wifi ပြန်လွှင့်နည်း

Saichitthulay | 11:05 PM | Best Blogger Tips 0 comments
 
         နောက်လာမည့်လတွေကျရင် ဖုန်းတွေကတော့ လူတိုင်းနီးပါးကိုင်နိုင်ကြတော့မှာပါ။ လူတိုင်းနီးပါးလည်း အင်တာနက်ကို ဖုန်းကနေသုံးနိုင်ကြတော့မှာပါ။ ခုပြောမယ့်နည်းလေးကတော့ ကိုယ့်ရဲ့ဖုန်းကနေအင်တာနက်ကိုလွှင့်ပေးပြီးတော့ ကွန်ပျူတာကနေပြန်ပြီးတော့ အင်တာနက်ကို သုံးတဲ့နည်းလေးပေါ့။
အရင်ဆုံးဖုန်းကနေ အင်တာနက်ကို ဖွင့်ထားလိုက်ပါ။ ပြီးရင်ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။Settings ရဲ့ Wireless & Networks အောက်မှ More သို့ ၀င်ရောက်လိုက်ပါ။အဲဒီကမှ Tethering & portable hotspot သို့ ဆက်ပြီး ၀င်ရောက်လိုက်ပါ။ ပြီးရင် Configure Wi-Fi hotspot သို့ဝင်ရောက်လိုက်ပါ။
ဒီအဆင့်မှာတော့ ကိုယ်ပြုလုပ်ဖန်တီးမဲ့ Wifi Network တစ်ခုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အပေါ်ဆုံးမှာ SSID ဆိုတာကတော့ ကိုယ့်ဖန်တီးမဲ့ Network ကို နာမည် ပေးတာပါ။ ကြိုက်တဲ့ နာမည် ပေးလို့ရပါတယ်။ (တစ်ခြားကွန်ပျူတာက ဖမ်းတဲ့ အချိန်မှာ ဒီနာ မည်ကို မြင်ရမှာ ဖြစ်ပါတယ်။) လုံခြုံမှုအတွက် Security တစ်ခုခုထားပေးပြီး Password ပေးရပါမယ်။ (ကွန်ပျူတာနဲ့ ဖမ်းလို့ Password တောင်းလာရင် ဒီ Password ကိုထည့်ပေးရမှာမို့ သေချာမှတ်ထားဖို့လိုပါ တယ်။ လုံခြုံအောင် ထားရပါမယ်။ ဒီ Password ကိုသိမှ Network ထဲသို့ ၀င်ရောက်နိုင်ပါမယ်။) အားလုံးထည့်ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။
 
ဒါတွေလုပ်ပြီးသွားရင်တော့ Tethering & portable hotspot သို့ ပြန်ဝင်ရောက်ပြီး Portable Wi-Fi hotspot ကို အမှန်ခြစ်ဖြစ်အောင်နှိပ်ပြီး enable လုပ်ပေးရပါမယ်။
မှတ်ချက်။  ။ USB tethering မှာ အမှန်ခြစ်လေးပေးလိုက်ရင် Wifi ကို မလွှင့်ပဲနဲ့ ဖုန်းကနေ computer ဆီကို usb ကြိုးနဲ့ထိုးပြီး တစ်ယောက်တည်းသီးသန့်သုံးချင်ရင် အမှန်ခြစ်လေးပေးလိုက်ပါ။
ဒီအဆင့်မှာတော့ ကိုယ်သုံးမဲ့ ကွန်ပျူတာကနေ Wifi ဖမ်းကြည့်ပါမယ်။ ကွန်ပျူတာရဲ့ Wifi ကို ဖွင့်လိုက်တာနဲ့ သူ့အထဲမှာ မိနေတဲ့ Network တွေကိုတွေ့ရပါမယ်။ အပေါ်မှာကိုယ်ပေးခဲ့တဲ့ SSID ကို ရွေးပြီး ၀င်ရောက်လိုက်ပါ။ Password တောင်းလာရင် ကိုယ်ပေးခဲ့တဲ့ အပေါ်က Password ကိုဘဲ ထည့်ပေးလိုက်ပါ။ Internet ကို ကွန်ပျူတာနဲ့ သုံးနိုင်ပါပြီ ......။ 
Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family