GSM Internet Setting ချိန်နည်း

Saichitthulay | 3:40 AM | Best Blogger Tips 0 comments
 ကျွန်တော်ဒါလေးကို မတင်တော့ဘူးလို့စဉ်းစားထားတာ။ ဒါပေမယ့် ကျွန်တော့်ဆီကို အင်တာနက် Setting ချိန်နည်းလေးကို ပြောပြပေးပါဦးလို့ ခဏခဏမေးနေတော့ ကျွန်တော်လည်းဖြေရတာမောလှပြီ။ ဒီကနေပဲဖော်ပြပေးလိုက်တော့မယ်နော်။
Setting>>Wireless & Network>>Mobile Network>>Accesspoint Name>>New APN
                                                       (or)
Setting>>More..>>Mobile Network>>Access Point Names>>New APN
Name          - mptnet (ကိုယ်ကြိုက်တဲ့နာမည်ထည့်ပေးပါ။)
APN            -mptnet
ပြီးသွားပြီဆိုရင် ဖုန်းရဲ့အောက်မှာ အတန်းလေးသုံးတန်းပါလိမ့်မယ်။ အဲ့ဒါလေးကို နှိပ်လိုက်ရင် save နဲ့ discard ဆိုတာပေါ်လာပါလိမ့်မယ်။ save ကိုနှိပ်လိုက်ပါ။ ပြီးရင် back ခလုပ်လေးကို နှိပ်ပြီး Data enabled ကိုအမှန်ခြစ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ဖုန်းပေါ်မှာ အင်တာနက်သုံးလို့ရသွားပါပြီဗျားးးးးး။

မှတ်ချက်။      ။ အင်တာနက်ရမရဆိုတာ ကိုယ့်ရဲ့ဖုန်းအပေါ်ဘားတန်းလေးမှာ H ဒါမှမဟုတ် E ဆိုတာလေးပေါ်နေပါလိမ့်မယ်။အဲ့ဒါပေါ်ရင် အင်တာနက်သုံးလို့ရပါပြီ။တကယ်လို့အပေါ်က ပြောတဲ့အတိုင်း လုပ်တယ် အင်တာနက်ကသုံးလို့မရဘူးဆိုရင် ဖုန်းကို restart ချလိုက်ပါ။(Restart ဆိုတာမပါရင် ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပေါ့နော်.. တချို့က ကပ်သီးကပ်သတ်မေးတတ်လွန်းလို့ :D)။

Blogger ဘ၀နှင့် စေတနာ

Saichitthulay | 4:30 AM | Best Blogger Tips 0 comments
ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော်ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
Credit >>>> http://www.mmithelper.com

IOS 7 (Beta Version) ကနေ IOS 6 သို့ ဆင်းနည်း

Saichitthulay | 12:39 AM | Best Blogger Tips 0 comments
ကျွန်တော် ခုပြောတဲ့နည်းကို iPhone 4s နဲ့လုပ်ထားတာပါ။ 4s ဆိုတော့ Firmware က 6.1.3 ပဲဆင်းလို့ရ မှာနော်။ iPhone 5 ဆိုရင်တော့ Firmware 6.1.4 ကိုဆင်းရမှာပေါ့နော်။ ကဲ..ကျွန်တော်တို့စကြရအောင်။
အရင်ဆုံး ဒေတာတွေကို Backup လုပ်ထားပေါ့။ ပြီးရင် Downgrade ဆင်းဖို့ Firmware ကို Desktop ပေါ် တင်ထားပါ။ Firmware မရှိရင် http://www.iclarified.com/entry/index.php?enid=750 ဒေါင်းပါ။
အဆင့် (၁)   ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး iTunes ကိုဖွင့်လိုက်ပါ။
 
အဆင့် (၂)   ဖုန်းကို DFU Mode ထဲဝင်ပေးပါ။ (Home button and the Sleep/Wake button ကိုတစ်ပြိုင်နက်ထဲ ဖိနှိပ်ထားပေးပါ။ ပန်းသီး Logo ပုံလေးပေါ်လာပြီဆိုလျှင် Home button လေးကို လွှတ် လိုက်ပါ။ ခဏနေကျရင် iTunes နဲ့ချိတ်ဖို့ပုံလေး ဖုံးပေါ်မှာပေါ်လာပြီဆိုရင် သင့်ရဲ့ဖုန်းက DFU Mode ထဲ ကိုရောက်သွားပါပြီ။
အဆင့် (၃)  တကယ်လို့ DFU Mode ထဲရောက်သွားပြီဆိုရင် Computer Screen ပေါ်မှာ အောက်မှာဖော်     ပြပေးထားထဲ့ ပုံလေးအတိုင်းပေါ်နေပါလိမ့်မယ်။
   Ok နှိပ်ပေးပါ။
အဆင့် (၄) Restore iPhone ဆိုတဲ့ စာကြောင်းပေါ်ကို Shift Key ကိုဖိပြီး ကလစ် နှိပ်ပေးပါ။ ပြီးလျှင် ကိုယ်တင်ချင်သည့်ဖိုင်းဝဲ (အစစာကြောင်းမှာပြောပြထားသည့် Firmware မျိုးစား)ကိုရွေးပေးပါ။
 
အဆင့် (၅)  ကိုယ်ရွေးချယ်တဲ့ ဖိုင်းဝဲကို တင်မှာလားဆိုတဲ့ (restore လုပ်မှာလား) ဆိုတဲ့ ဘောက်စ်လေး ကျလာခဲ့ရင် Restore ကိုရွေးပေးပါ။
 
အဆင့် (၆)  အားလုံးပြီးသွားပြီဆိုရင် ဒီစာကြောင်းလေး တက်လာပါလိမ့်မယ်။
ဒါဆို သင့်ရဲ့ iPhone လေး Firmware 6.1.3 လေးကို Downgrade ဆင်းတာ အောင်မြင်သွားပါပြီခင်ဗျား။

MacBook Air အသစ်နှင့် အဟောင်းကို ဘယ်လိုနည်းနဲ့ ခွဲခြားရမလဲ...?

Saichitthulay | 3:30 AM | Best Blogger Tips 0 comments


အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ပြုလုပ်လျက်ရှိသည့် Apple ၏ World Wide Development Conference ၌ ထုတ်ဖော်ပြသခဲ့သည့် MacBook Air အသစ်သည် Macbook Air အဟောင်းနှင့် ပုံပန်းသဏ္ဍာန် ကွဲပြားခြားနားခြင်း မရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သို့သော်လည်း အတွင်းပိုင်းတွင်မူ ကြီးမားသော ပြောင်းလဲမှုများကို တွေ့ရှိရမည်ဖြစ်သည်။ Macbook Air အသစ်တွင် မျိုးဆက် ၄ ဆက်မြောက် Intel Core i5 ပရော်ဆက်ဆာနှင့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည့် Integrated Graphics တို့ ထည့်သွင်းပေးထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ Wi-Fi အနေနဲ့လည်း ယခင်ကထက် ပိုမိုမြန်ဆန်လာသည်ကို တွေ့ခဲ့ရသည်။

သို့သော်လည်း သုံးစွဲသူများအတွက်မူ ၂၀၁၃ မော်ဒယ်နှင့် ၂၀၁၃ မော်ဒယ်တို့အား အမြင်ဖြင့် လွယ်ကူစွာ ခွဲခြားနိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ကွဲပြားခြားနားမှုမှာ ၂၀၁၃ မော်ဒယ် MacBook Air တွင် dual-microphone စနစ် ထည့်သွင်းပေးထားခြင်း ပင်ဖြစ်သည် (ပုံတွင်ကြည့်ပါ)။

ဤကဲ့သို့ မိုက် ၂ လုံး ထည့်သွင်းပေးထားခြင်းဖြင့် မိုက်တစ်လုံးအား အသုံးပြုပြီး စကားပြောနေသည့် အချိန်၌ နောက်တစ်လုံးက နောက်ခံအသံများအား ထိန်းညှိပေးမည်ဖြစ်ပြီး မလိုလားအပ်သည့် ဆူညံသံများအား လျော့နည်းစေမည် ဖြစ်သည်။ စမတ်ဖုန်းများတွင် အသုံးပြုနေသည့် စနစ်လည်း ဖြစ်သည်။

သင့်အနေနဲ့ မကြာမီ အချိန်အတွင်းမှာ MacBook Air ကို ဝယ်ယူတော့မယ် ဆိုရင်တော့ မိုက် ၁ လုံးလား မိုက် ၂ လုံးလား ဆိုတာကိုသာ သေချာကြည့်ပြီး ဝယ်ယူပါလို့ မှာကြားလိုပါတယ်။

UDF File System ဖြင့်ခွေကူးနည်း

Saichitthulay | 9:38 PM | Best Blogger Tips 0 comments
ကျွန်တော်တို့တစ်တွေ စီဒီခွေကို Memory Stick သုံးသလို သုံးလို့ရသွားပြီဆိုရင် စာဖတ်သူတို့ ယုံကြည်နိုင်ကြမလား..?
ကျွန်တော်တို့အဲ့ဒီအကြောင်းလေးမပြောသေးခင် UDF File Systemဆိုတာကို အရင်ပြောပြချင်ပါတယ်။ အရင်တုန်းက CD ခွေတွေမှာသုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။ CDFS နဲ့ UDF ဘာကွာသလဲဆိုတော့ CDFS ဟာ ခွေကူးချိန်ဆိုတာ သက်သက်ပေးရပါတယ်။ ကူးမယ့်ဖိုင်တွေ ရွေးရမယ်။ ပြီးတော့အကုန်လုံးကို တစ်ပြိုင်နက်ကူးရပါ တယ်။
UDF ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင်ချင်းစီထည့်လို့ရမယ်။ ထည့်ထည့်ချင်း Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ်။ အဆုံးသတ်ကျမှ Session ကိုပိတ်ပေးရပါတယ်။
ကျွန်တော်တို့တစ်တွေ သူတို့နှစ်ခုရဲ့ကွာခြားချက်ကို သိပြီးပြီဆိုတော့ ခွေကူးနည်းလေးကို စလိုက်ကြရ အောင်။
၁။ ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။
၂။ ပြီးရင် ခွေထဲကိုထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို copyကူးပါ။ computerထဲက ကိုယ့် Drive ကိုဖွင့်ပြီး Paste လုပ်ပါ။
၃။ အဲ့ဒီအခါမှာ အောက်မှာ ဖော်ပြထားသလို Box တစ်ခုပေါ်လာပါလိမ့်မယ်။ Use USB Flash Drive ကိုရွေးပြီး OK နှိပ် လိုက်ပါ။

 

၎။ အဲ့ဒီအခါမှာ ခွေအလွတ်ကို UDF File System အနေနဲ့ Format ချပါလိမ့်မယ်။ 
 

၅။ Format ရိုက်ပြီးသွားရင် စောစောက ကော်ပီ ကူးခဲ့တဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။
၆။ နောက်ထပ် ဖိုင်တွေကိုလည်း copy/paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။
ရ။ အားလုံးပြီးသွားရင် Drive က Eject ခလုပ်ကိုနှိပ်ပြီး ခွေကို ထုတ်လိုက်ပါ။ ခွေက ချက်ချင်းထွက်လာဦးမှာ မဟုတ်ပါဘူး။ ခဏလောက်စောင့်လိုက်ပါ။
၈။ …..ဟော ခွေလေးပြန်ထွက်လာပါပြီဗျာ။
(မှတ်ချက်)။ ။ Windows 7 မှာသာရသည်။ ကျန်တဲ့ဝင်းဒိုးနဲ့မစမ်းဖူးသေးပါ သူငယ်ချင်းတို့ရေ။

ဖျက်နည်း
တကယ်လို့ အဲ့ဒီခွေထဲက ကိုယ်မကြိုက်တာတွေ ဖျက်ချင်တယ်ဆိုရင် ခွေကို Drive ထဲပြန်ထည့်ပါ။ ခွေထဲက ကြိုက် တဲ့ဖိုင်ကို ရွေးပြီး ဖျက်လိုက်ပါ။ ပျက်သွားပါလိမ့်မယ်။ ကဲ R/W ခွေတွေသုံးစရာ မလိုတော့ဘူးနော်။

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family