မည်သည့် Software မှ မပါပဲ Youtube က movies တွေကို ဒေါင်းလော့ လုပ်နည်း
Saichitthulay | 12:17 AM |
Windows
Posted by
Saichitthulay
at
12:17 AM
Friday, May 31, 2013
Labels:
Windows
0
comments

New Harry Potter Virus အကြောင်းနှင့် Virus ကာကွယ်ရေး
Saichitthulay | 4:36 AM |
Virus
Posted by
Saichitthulay
at
4:36 AM
Sunday, May 26, 2013
Labels:
Virus
0
comments

ကျွန်တော် တစ်ရက်ကျတော့ ဓာတ်ပုံဆိုင်တစ်ဆိုင်မှာ Print သွားထုတ်ရင်း
မရတာကြာပြီဖြစ်တဲ့ လက်ဆောင် တွေရလာပါတယ်။ ရလာတဲ့လက်ဆောင်ကတော့ ဘာလဲဆိုတော့
Virus ၂၅ ကောင်ပါ။ အံ့လည်းအံ့ပါတယ်။ ဒီလောက် အလုပ်တွေ တလစပ်လုပ်နေရပြီး
Memory Stick တွေတရစပ်ထိုးနေတဲ့စက်မှာ ဘာကြောင့်များလုံလောက်တဲ့
ကာကွယ်ရေးမလုပ်ရပါလိမ့်လို့ပေါ့။ စုံစမ်းကြည့်လိုက်တော့ သူတို့စက်ထဲမှာ
Antivirus Software တွေထည့်ထားပါ တယ်။ ဒါပေမယ့် Virus Signature Update
ကမလုပ်ဖြစ်တဲ့အခါလည်း ရှိတယ်၊ လုပ်ဖြစ်တဲ့အခါလည်း ရှိတယ်လို့ ဆို ပါတယ်။
ကျွန်တော့်အတွက် ကံကောင်းသွားတာက ကျွန်တော်သုံးတဲ့ Memory Stickတွေထဲကို Autorun.infတွေကို ရေးထည့်ထားတယ်လေ။ (နောက်မှ Autorun.inf ရေးနည်းတင်ပေးပါ့မယ်။) ပြီးတော့ ကွန်ပျူတာမှာ Autorun အလုပ် မလုပ်နိုင်လည်းပိတ်ထားပါတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်နာမည်ကိုက ထူးဆန်းနေတယ်လေ။ New Harry Potter Virusတဲ့။ ရေးထားတာကတော့ VBS (Visual Basic Script)နဲ့ ရေးထားတဲ့ ဗိုင်းရပ်စ်ပါ။ Virus တွေရဲ့ ထုံးစံအတိုင်း win 32 & Trojan တွေကတော့ အများဆုံးပါပဲ။ အဲ့ဒီဗိုင်းရပ်စ် ရဲ့ထူးခြားချက်က jpeg ဓာတ်ပုံဖိုင်တွေမှာပါ ကပ်ငြိတဲ့အချက်ပါ။ ကျွန်တော်အတွေ့များတာကတော့ .exe နဲ့ .dll ဖိုင်တွေမှာ ဗိုင်းရပ်စ်တွေကပ်ငြိတာပဲ တွေ့ရများပါတယ်။ (ခုဗိုင်းရပ်စ်ကတော့ အသစ်လားတော့မသိပါ။)
ကျွန်တော်တို့ Virus ကာကွယ်ရေးဆော့ဖ်ဝဲတွေကို ကွန်ပျူတာဝယ်ဝယ်ချင်း ဆိုင်ကနေထည့်ပေးလိုက် ပေမယ့် ကျွန်တော်တို့က နေ့တိုင်း Update လုပ်ပေးသင့်ပါတယ်။ တကယ်လို့ မတတ်နိုင်ဘူးဆိုရင် တစ်ပတ်တစ်ခါ လောက်တော့ အနည်းဆုံး Update လုပ်ပေးဖို့ပါ။ နောက်ဆုံး အခက်ခဲရှိတယ်ဆိုရင်တောင်မှ တစ်လတစ်ခါလောက် တော့ ပုံမှန် Update လုပ်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ Update တွေကို ဘယ်ကနေရနိုင်မလဲလို့ မေးရင်တော့ အိမ်မှာ အင်တာနက်ဆိုင်တစ်ချို့မှာ ရနိုင်ပါတယ်။ နောက်ထပ်ရနိုင်တဲ့နေရာကတော့ မိမိကွန်ပျူတာ ၀ယ်ခဲ့တဲ့ဆိုင်မှာသွားတောင်းရင်တော့ ရနိုင်ပါတယ်။ (အမြဲတမ်းဆိုရင်တော့ မကောင်းနိုင်ဘူးပေါ့)။ နောက်ထပ် ပြောချင်တာကတော့ အဲ့ဒီ Virus Update တွေကိုလိုချင်တယ်ဆိုရင် ကျွန်တော်ရောင်းပါတယ်။ လပေးစနစ်နဲ့လည်း ရပါတယ်။ (ဟီး ကြော်ငြာဝင်လိုက်တာ)။ Virus ကို Update မလုပ်ရင် ဘာဖြစ်မလဲလို့မေးကြတယ်ဗျ။ ဗိုင်းရပ်စ် Update မလုပ်ခဲ့ဘူးဆိုရင် နောက်ထွက်တဲ့ ဗိုင်းရပ်စ်တွေကို စက်က မသိနိုင်တော့ဘူးလေ။ ဗိုင်းရပ်စ်ရန်ကနေ ကင်းဝေးပြီး အဆင်ပြေကြပါစေဗျာ။
ဝေဖန်အကြံပေးလိုသော ပညာရှင်များကို ဖိတ်ခေါ်လျှက်ပါ။

Advanced Using Internet&Email
Saichitthulay | 3:28 AM |
E-book
Posted by
Saichitthulay
at
3:28 AM
Monday, May 20, 2013
Labels:
E-book
0
comments

ဒေါင်းလော့လင့်
https://www.box.com/s/xmvfq7me8wyw8y2oi21g
HardDisk ရဲ့ Size အမှန်ရအောင် တွက်ချက်နည်း
ဒီတခါတော့ HardDisk ရဲ့ Size အမှန်ကို တွက်ချက်နည်းလေး ဝေမျှပေးပါမည်။
ကျွန်တော်တို့ Hard Disk Drive တခုကို ၀ယ်လိုက်တာနဲ့ အဲ့ဒီ Hard Disk ကို
Format ချတော့မယ်ဆိုရင် 500 Gbyte ရှိတဲ့ Hard Disk က 465 Gbyte ဘဲ
ဖော်ပြနေတယ်။ 1000 Gbyte ရှိတဲ့ Hard Disk က 931 Gbyte ဘဲ ရှိနေတာ
ဘာကြောင့်လဲဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော် တင်ပြပေးလိုက်တာပါ။ ဒါက မသိလဲ
အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ တက်သိနားလည်းချင်တဲ့ သူငယ်ချင်းများကို
ရည်ရွယ်ပြီ ဝေမျှလိုက်တာပါ။
သိထားရမည့်အချက်။
500 Gbyte ရှိတဲ့ hard Disk Drive တခုမှာ 500.000.000.000 bytes ပါရှိတယ်ဆိုတာ အရင်သိရပါမည်။ တနည်းအားဖြင့် 500 Gbyte ရှိတဲ့ hard Disk က 465 Gbyte ဘဲ အမှန်တကယ်ရှိတာဖြစ်ပါတယ်။
1 Tbyte ( 1000 Gbyte) ရှိတဲ့ Hard Disk Drive တခုမှာ 1000.000.000.000 byte ပါရှိတယ်ဆိုတာသိရ ပါမည်။ တနည်းအားဖြင့် 0,9 Tbyte က 931 Gbyte နဲ့ ညီတယ်လို့ပြောတာဖြစ်ပါတယ်။
ဒါဆို ဘယ်လို ရတာလဲ ကိုယ်တိုင် တွက်ချက်ကြည့်ရအောင်

အထက်ပါ
500 Gbyte က 465 Gbyte ဘဲ ရှိတာ ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါပြီ
ဒါကြောင့် အောက်ပါအတိုင်း တွက်ချက်တက်ဖို့ လိုပါတယ်။ အဆင့် (၃) ဆင့်
တွက်ချက်ဖို့ လိုအပ်ပါတယ်။