How to Open Applications From Unidentified Developers in Mac OS X Mountain Lion

Saichitthulay | 10:11 PM | Best Blogger Tips
ကျွန်တော်တို့တစ်တွေ Mac ရဲ့ဝင်းဒိုး OSX Moutain Lion မှာ Application တွေကို  Install လုပ်တဲ့အခါ  ဒီလိုမျိုးလေး ပေါ်လာပြီး Install လုပ်လို့မရတာတွေများ ဖြစ်ဖူးကြမယ်နဲ့တူပါတယ်။
ဒီလိုလေးပေါ့
အခုပြထားတဲ့လိုမျိုးလေးပေါ်လာရင် ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ..? လွယ်ပါတယ် ဒီလိုလေးနဲ့ရှင်း ကြမယ်လေ။
၁။ System Preferences ထဲကိုဝင်လိုက်ပါ။ (System Preferences ကဘယ်မှာရှိလဲဆိုတော့ ကျွန်တော်  
    Screen ရဲ့ ဘယ်ဖက်အပေါ်ထောင့်ရဲ့ Apple Menu လေးကို နှိပ်လိုက်ပါ။)
ဒီလိုလေးကျလာလိမ့်မယ်။
၂။ System Preferences ထဲကSecurity & Privacy လေးကို ရွေးပေးပါ။
၃။ General ဆိုတဲ့ Tab လေးကို နှိပ်လိုက်ပါ။
၎။  ဘယ်ဖက်အောက်ဆုံးဒေါင့်မှာရှိတဲ့ သော့ခလောက်ပုံလေးကို နှိပ်ပေးပါ။ ပြီးရင် username & Password တောင်းလိမ့်မယ်။ ရိုက်ထည့်ပေးပြီး Unlock ဆိုတာလေးကို နှိပ်လိုက်ပါ။
 ဒီလိုမျိုးလေးဖြစ်သွားမယ်။

၅။ Allow Application Dowloaded From: ထဲက Anywhere ကို ရွေးချယ်ပေးပါ။
၆။ နောက်ထပ် Confirm ဖြစ်အောင်လို့ Box လေးတစ်ခုထပ်ကျလာပါမယ်။ အဲ့ဒီထဲက Allow From Any where ဆိုတာလေးကို ထပ်နှိပ်ပေးပါ။

0 comments:

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family