ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့်
သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းကကင်ဆာ ရောဂါ အမျိုးမျိုးကို
တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။
ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏
လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊
အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များ ကိုသတ်နိုင်ကြောင်း
Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။
သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍
သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက် ကို လက်ဖက်ရည်ကဲ့သို့
အသုံးပြုခြင်းဖြင့်ကင်ဆာဆဲလ်များကို
သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ
စုပ်ယူထားသောအရာများသည်ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့်
Th1type cytokines များထုတ်လုပ်ခြင်းကိုမြှင့်တင်ပေးနိုင်ကြောင်း
တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကင်ဆာဆဲလ်များ ကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို
အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြု လာနိုင်တော့ မည် ဟု
ဆို၏။
ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့်အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။
၏ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည်သြစတြေးလျနှင့် သူ၏
ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိ သည့်
သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော
အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့်
လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့်
ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့်၂၄ နာရီကြာထိတွေ့စေခဲ့သည်။
ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။
credit:kabarthit
ကင်ဆာကိုနိုင်တဲ့ သင်္ဘောရွက်
Saichitthulay | 9:18 PM |
General Knowledge
Posted by
Saichitthulay
at
9:18 PM
Tuesday, August 27, 2013
Labels:
General Knowledge

0 comments:
Post a Comment