USB 3.0 drivers များကို Windows 7 installer ထဲသို့ manually ပေါင်းထည့်ခြင်း….

Saichitthulay | 9:48 PM | Best Blogger Tips 0 comments
   ကျွန်တော် ဒီပို့စ်လေးကို ကိုသီဟဦးရေးထားတဲ့ ပို့စ်လေးနဲ့ လိုတာလေးနည်းနည်းပါးပါးလေး ထပ်ဖြည့်စွက်ပြီး တင်ပေးလိုက်ပါတယ်။ သူကတော့ ဒီနည်းကို ရဖို့ တစ်နေကုန်အချိန်ပေးရတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ဒီနည်းနဲ့စမ်းလိုက်တာ အချိန် သုံးရက်တောင်ကုန်သွားတယ်။ :D
အခု ကျွန်တော် မျှဝေမယ့် နည်းက MacBook Air အတွက်လုပ်ခဲ့တာ ဆိုပေမယ့် တစ်ခြား computer, motherboard တွေမှာလည်း လိုအပ်လာရင် သုံးလို့ရမယ်လို့ ထင်ပါတယ်။ USB 3.0 drivers မှ မဟုတ်ပါဘူး။ တစ်ခြား လိုအပ်တဲ့ drivers တွေကိုလည်း Windows 7 installer USB stick ထဲကို ထည့်လို့ ရမှာပါ။
ကျွန်တော့ရဲ့ MacBook Air 2013 model မှာ Intel chipset တွေက နောက်ဆုံးထွက်တွေ ဖြစ်တဲ့အတွက် USB 3.0 controller ပဲ ပါပါတယ်။ USB 2.0 port နဲ့ controller မပါတော့ပါဘူး။ ဒီတော့ ဘယ်မှာသွားပြီး ပြဿနာတက်လည်း ဆိုတော့ Windows 7 install လုပ်မယ် ဆိုရင် Windows 7 installer က USB 3.0 ကို native support မပါပါဘူး။ ဒါကြောင့် installer တက်သွားတဲ့ခါ ပထမဆုံး language selection screen ကိုရောက်ရင် ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ keyboard, mouse, touchpad ဘာကိုမှ မသိတော့လို့ပါ။ အဲဒါတွေ အားလုံးက MacBook Air 2013 မှာ USB 3.0 နဲ့ အလုပ်လုပ်တာကြောင့်လို့ ထင်ပါတယ်။ ဒီတော့ Windows 7 ကို ကိုယ့်ဘာသာ manually boot လုပ်ပြီး တင်ဖို့ မဖြစ်နိုင်ဘူးပေါ့။
Bootcamp Assistant ကို သုံးပြီး သူကနေတစ်ဆင့် USB stick ကို create လုပ်ပြီး သူ့အဆင့်တွေ အတိုင်း လိုက်ပြီး တင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် မကောင်းတာက အဲလိုဆိုရင် Windows အတွက် partition တစ်ခုပဲ လုပ်လို့ရမှာပါ။ ကျွန်တော် က အပို partition တွေ စိတ်ကြိုက် ခွဲချင်တာဆိုတော့ Bootcamp မသုံးပဲ Disk Utility ကို သုံးပြီး စိတ်ကြိုက် partition တွေခွဲတယ်။ ပြီးတော့မှ bootable USB stick ကနေ Windows 7 ကို ကိုယ့်ဘာသာ တင်ချင်တဲ့ သဘောပါ။
Windows 7 ISO disc image ကနေ ဖန်တီးထားတဲ့ Windows 7 installer USB stick ထဲမှာ USB 3.0 driver တွေ မပါလာတော့ ဘာလုပ်ရလည်း ဆိုတော့ USB 3.0 drivers တွေကို ကိုယ့်ဘာသာ အဲဒီ bootable USB ထဲကို ထည့်ပေးရပါတယ်။ Internet ပေါ်ကနေ ၇ှာဖွေထားတဲ့ ဘယ်လိုလုပ်တယ် ဆိုတာ အဆင့်ဆင့်ကို ပြောပြပါမယ်။ လက်တွေ့လည်း အောင်မြင်ခဲ့ပါတယ်။
ပထမဆုံး MacBook Air 2013 အတွက် driver တွေကို download လုပ်ပါတယ်။ အဲဒီ driver တွေထဲက chipset drivers တွေထဲမှာ Intel USB 3.0 Extensible controller driver တွေ ပါပါတယ်။ အဲဒီ driver က ကျွန်တော့ MacBook Air model အတွက် ဖြစ်ပါတယ်။ (Intel website က download ဆွဲတဲ့ဟာက အလုပ်မလုပ်ပါဘူး)။ အဲဒီ USB 3.0 drivers တွေကို Windows 7 bootable USB stick ထဲက driver database ထဲကို ကိုယ့်ဘာသာ manually ထည့်ပေးရမှာ ဖြစ်ပါတယ်။
ပထမဆုံး လုပ်ရမှာက Hard disk ပေါ်က ကြိုက်တဲ့နေရာမှာ winpe ဆိုတဲ့ folder လေး တစ်ခုဆောက်လိုက်ပါ။ အဲဒီ folder ထဲမှာ usb3 နဲ့ mount ဆိုတဲ့ sub-folder ၂ ခုကို ဆောက်လိုက်ပါ။ ခုနက ပြောတဲ့ MacBook Air USB drivers တွေ ရှိတဲ့ folder ထဲမှာ Windows 7 64-bit နဲ့ 32-bit ဆိုပြီး folder နှစ်ခု ရှိပါလိမ့်မယ်။ ကိုယ် အခု install လုပ်မယ့် Windows installer က 64-bit ဆိုရင် drivers တွေကိုလည်း 64-bit သုံးရပါမယ်။ ကျွန်တော်က Windows 7 64-bit ထည့်ချင်တာဆိုတော့ 64-bit drivers တွေကို ခုနက usb3 ဆိုတဲ့ folder လေးထဲကို ထည့်လိုက်ပါတယ်။
ဒုတိယ အဆင့်လုပ်ရမှာက ကျွန်တော်တို့ create လုပ်ထားတဲ့ Windows 7 installer USB stick ထဲက sources ဆိုတဲ့ folder အောက်က boot.wim ဆိုတဲ့ file ကို ခုနက hard disk ပေါ်မှာ ကျွန်တော်တို့ ဆောက်ထားတဲ့ winpe folder အောက်ကို ကူးထည့်ပါ။ (ပုံမှာကြည့်ပါ)။
1 
Driver files တွေလည်းကူးပြီးပြီ၊ boot.wim ကိုလည်း ကူးပြီးပြီ ဆိုရင် Administrative level နဲ့ command prompt ကို ဖွင့်ပါ။ ခုနက winpe folder အောက်ကို သွားပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ command တွေကို တစ်ခုပြီး တစ်ခု ရိုက်ထည့်ပါ။ command တစ်ခုချင်းအတွက် စက်က အလုပ်လုပ်နေရင် ခဏစောင့် ပေးပါ။ လုပ်တာမှန်တယ် ဆိုရင် ဘာ error မပြသင့်ပါဘူး။
dism /mount-wim /wimfile:boot.wim /index:2 /mountdir:mount
dism /image:mount /add-driver:”usb3″ /recurse
dism /unmount-wim /mountdir:mount /commit
အဲဒီ အဆင့်တွေ ပြီးသွားရင် ကျွန်တော်တို့ usb3 folder အောက်က drivers တွေ အားလုံး boot.wim ဆိုတဲ့ file ထဲကို ၀င်သွားပါပြီ။ 
ဒီလိုလေးမြင်ရမယ်။
winpe folder အောက်က boot.wim ဆိုတဲ့ file ကို bootable USB stick ထဲက sources folder အောက်ကို ပြန်ကူးထည့်ပေးလိုက်ပါ။ File အဟောင်းကို overwrite လုပ်လိုက်ပေါ့။
အဲဒါပြီးသွားရင်တော့ Windows 7 USB memory stick ကနေ USB 3.0 ကို သိသွားပြီး MacBook Air 2013 model မှာ ကောင်းကောင်း အလုပ်လုပ်သွားပါ လိမ့်မယ်။ ကျွန်တော် အခုပြတဲ့နည်းက USB 3.0 drivers မှ မဟုတ်ပါဘူး။ တစ်ခြား driver တွေအတွက်လည်း theoretically အလုပ်လုပ်သင့်ပါတယ်။ ပြီးတော့ တစ်ခြား motherboard တွေ အတွက်လည်း အလုပ်လုပ်ပါလိမ့်မယ်။ ဒီနည်းနဲ့ MacBook Air 2013 တွေမှာ Windows 7 ထည့်မရ ပြဿနာကိုလည်း ဖြေရှင်းနိုင်ကြမယ် လို့ မျှော်လင့်ပါတယ်….။

      မိတ်ဆွေတို့မှာ အဆင်မပြေတာလေးများ ရှိခဲ့ရင် မေးလ်ပို့ပြီး ဖြစ်စေ (သို့မဟုတ်) ကွန်မန့်ပေးပြီး ဖြစ်စေ မေးမြန်းနိုင်ပါတယ်။



Credit>>>> ကိုသီဟဦး

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family