Mac Book Air 2013 Model မှာ Windows တင်ရင် သိထားရမည့် အချက်များ

Saichitthulay | 2:44 AM | Best Blogger Tips


         2013 Macbook Air တွေမှာ Windows Install လုပ်ရင် ကြုံတွေ့ရမယ့် အကြောင်းအရာလေးတွေကို ကျွန်တော်သိသလောက်ပြောပြပေးပါရစေ။
          Apple Macbook Air (2013 model)တွေမှာ Build-in DVD Drive မပါတဲ့အတွက် ကျွန်တော်တို့က Bootcamp သုံးပြီး Windows တင်မယ်ဆိုရင် USB External DVD Drive (or) Windows Bootable USB Memory Stick ကိုသုံးရပါတယ်။
          Macbook တွေမှာ Windows တင်ချင်ရင် 32bit ကိုပုံမှန်အားဖြင့် Support မလုပ်တော့ပါဘူး။(မရ ရအောင် တင်ရင်တော့ မပြောတတ်ဘူး။ :D) 64bit Windows 7 or Windows 8 ကိုပဲတင်လို့ရပါတယ်။
        ကျွန်တော်တို့တွေ Windows မတင်ခင်မှာ ကိုယ်က Hard Disk ကို ဘယ်လိုပိုင်းချင်တာလဲဆိုတာလေးကို အရင်ဆုံးစဉ်းစားကြည့်ရအောင်။ (eg: Mac OSX + Windows)။  ကျွန်တော်ဥပမာပေးထားတဲ့အတိုင်းလေးပဲခွဲမယ် ဆိုရင်တော့ အဆင်ပြေပါတယ်။အဲ့ဒီလိုမှမဟုတ်ပဲ Mac OSX + Windows + Data ဆိုပြီး သုံးခုခွဲမယ်ဆိုရင်တော့ မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Hard Disk ထဲမှာ Hidden လုပ်ထားတဲ့ Recovery Partition ကြောင့်ပါ။ တကယ်လို့ ကိုယ်က Data တွေကို windows တွေနဲ့ရောပြီး မထည့်ထားချင်ဘူး သတ်သတ်အသစ်ခွဲထားချင်တယ်ဆိုရင်တော့ Hidden လုပ်ထားတဲ့ Recovery Partition ကို ဖျက်ပစ်ဖို့လိုပါတယ်။ (Hidden လုပ်ထားတဲ့ recovery partition ဖျက် နည်းကို သိချင်တယ်ဆိုရင်တော့ ကျွန်တော်သီးသန့်ပို့စ်တစ်ခုအနေနဲ့ ရေးပေးပါ့မယ်။)
        အဲ့ဒီမှာမေးစရာရှိတာက တကယ်လို့ Hidden Recovery Partition ကို မဖျက်ပဲ ခွဲရင်ဘာဖြစ်နိုင်မှာမို့လို့လဲ လို့မေးစရာရှိပါတယ်။ဟုတ်ကဲ့ Partition ကို Mac OS + Windows + Data + Hidden Recovery Partition ဆိုပြီး ခွဲလို့ရတယ်ဆိုရင်တောင် Windows တက်လာပြီဆိုရင် တတိယ Data Partition ကို မတွေ့တာမျိုးပြသနာတွေရှိနိုင်ပါ တယ်။ အဲ့ဒီတော့ အကြံပေးချင်တာကတော့ Data Partition ကိုသတ်သတ်ထားချင်ရင် Hidden Recovery Partition ကိုဖြတ်ပစ်လိုက်ပါ။ အထူးသတိပေးချင်တာကတော့ Bootcampကိုသုံးပြီး Windows တင်ပြီးတော့မှ Windows ထဲကနေတခြား Partitionခွဲတဲ့ Utility ကိုသုံးပြီး လုံးဝ Partition သွားမခွဲလိုက်ပါနဲ့။ Windows ထဲမှာရှိနေ ပြီးသား Partition တွေကို size ပြင်တာ၊ အသစ်ထည့်တာ၊ ဖျက်တာ တစ်ခုခုလုပ်လိုက်တာနဲ့ ရှိသမျှ OS တွေ အကုန် မတက်တော့ပဲ ဖြစ်သွားနိုင်ပါတယ်။
         နောက်ပြီးတော့  Partition ကိုစိတ်ကြိုက်အများကြီးခွဲပြီး သုံးချင်တဲ့လူတွေလည်း ရှိဦးမှာပါ။ အဲ့ဒီလိုလူတွေက တော့ Bootcamp Assistant Program ကိုမသုံးပဲ Disk Utility Program တွေကိုသုံးပြီးတော့ Partition ခွဲတတ်ကြပါ တယ်။ပြီးတော့မှ Windows 7 CD (or) Bootable USB Stick ကနေ Windows တင်တာကို “Option” Key လေးနှိပ် ပြီး Boot တင်ပြီး Install လုပ်ဖို့ကြိုးစားပါလိမ့်မယ်။ (ဒီနေရာမှာ မှတ်ထားရမှာက Bootcamp Assistant က Mac OSX ရှိနေတဲ့ Hard Disk ထဲမှာ နောက်ထပ် Partition တစ်ခုပဲထပ်ခွဲခွင့်ပေးတယ်ဆိုတာလေး ပါ)။ အဲ့ဒီလိုလုပ်တယ်ဆိုရင် Windows 7 Installer တက်သွားပေမယ့် အဲ့ဒီ Installerထဲကိုရောက်တဲ့အခါ Keyboard,Mouse,Truck Pad (or) Touch Pad တွေဘာတစ်ခုမှအလုပ်မလုပ်ပဲဖြစ်နေပါလိမ့်မယ်။ (အစက မသိခဲ့ပါ အခုမှသိခဲ့တာပါ)။ ဘာမှနှိပ်မရဘူးဆိုမှတော့ Windows 7 ကို Install ဆက်လုပ်လို့မရတော့ဘူးပေါ့နော်။ External Keyboard နဲ့လည်း မရပါဘူး။ဘာကြောင့်လဲဆိုရင် Windows 7 မှာ Macbook Air 2013 Model တွေရဲ့ USB 3.0 Controller Chip အတွက် Driver အဆင်မပြေလို့ဖြစ်ပါတယ်။ (မှတ်ချက်။  ။ Windows 8 မှာဆိုအဆင်ပြေပါတယ်)။
            ဒါဆိုဘယ်လိုလုပ်ရမလဲ….? အဲ့ဒီဝင်းဒိုး တင်နည်းကို ကျွန်တော်သီးသန့်ပို့စ်တစ်ခုအနေနဲ့ရေးပေးပါ့မယ်။ မှတ်ထားရမှာက တကယ်လို့ Windows 7 တင်မယ်ဆိုရင် Bootcamp Assistant ကနေပဲ တင်ဖို့ဆိုတာလေးပါ။
            ဒီပို့စ်လေးကိုအကျဉ်းချုပ်လိုက်မယ်ဆိုရင်---
၁။    Macbook တွေမှာ Windows သုံးပြီး Partition သုံးခုခွဲချင်တယ်ဆိုရင် Hidden Recovery Partition ကို ဖယ်လိုက်မှအဆင်ပြေမယ့်အကြောင်းလေးရယ် ၊
၂။    Macbook Air 2013 Model မှာ Windows 7 တင်မယ်ဆိုရင် Bootcamp Assistant ကနေတင်ဖို့ရယ်နဲ့
၃။    ကိုယ့်ဘာသာ Manual Boot လုပ်ရင် Keyboard,mouse,trackpad တွေသုံးလို့မရဘူးဆိုတာလေးကို
ပြောပြရင်း Intel ရဲ့နောက်ဆုံးပေါ် 4th Generation Chip တွေပါတဲ့ Macbook Air 2013 ၀ယ်ယူမှာလို့ ကြံစည် ထားသူများအဆင်ပြေစေရန် ကျွန်တော်သိထားသော ၀င်းဒိုးတင်ရင် ကြုံတွေ့ရမယ့်အရာလေးတွေကို မျှဝေပေးလိုက် ပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family