I Phone Setting နှင့် app များကိုမြန်မာလိုပြောင်းမယ်

Saichitthulay | 4:01 AM | Best Blogger Tips 0 comments
 
မင်္ဂလာပါ အားလုံးပဲစောင့်မျှော်နေကြတဲ့ ကွန်ပျူတာမလို tweak မလိုပဲ အိုင်ဖုန်း Setting  တစ်ခုလုံးကို မြန်မာလိုပြောင်းပစ်နိုင်မည့် နည်းလမ်းလေးပါ
ဒါကိုမလုပ်ခင် ပထမဆုံး မိမိတို့ရဲ့ အိုင်ဖုန်းမှာ iFile ဆိုတဲ့ tweak လေးကိုသွင်းထားရမှာ ဖြစ်ပါတယ်... tweak သွင်းဖို့ လင့်ကတော့


http://cydia.myrepospace.com/komin27/

  ကိုအက်ပြီးတော့
ဒေါင်းယူလိုက်ပါ။ ifile ရှိပြီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ ပထမဆုံး ifile ကိုဖွင့်ပါ var ကိုဝင်ပါပြီးရင် stash ကိုဝင်ပါ ပြီးနောက် Applications.4qp7t2
 (မှတ်ချက်= applications ရဲ့နောက်က 
4qp7t2 တို့ကို ပုံသေမမှတ်ပါနဲ့ ဖုန်းတစ်လုံးနှင့်တစ်လုံး မတူညီနိုင်ပါ သဏ္ဍန်တူလို့ပဲမှတ်ယူပါ)
 ဆိုတဲ့ဖိုင်ကို ထပ်ပြီးတော့ ဝင်ပါ
နောက်ထပ် Preferences.app အထဲကိုဝင်ပါ အထဲမှာ iproj တွေအများကြီးတွေ့ပါလိမ့်မယ် အထဲမှာမှ မိမိရွေးချယ်ထားတဲ့ language ဟာ
 US ဆိုရင် English.iproj ကိုဝင်ပါ. တစ်ကယ်လို့
Uk ဆိုရင်တော့ en_GB.iproj ဆိုတာကိုဝင်ပါ.. အထဲမှာရှိတဲ့ strings ဆိုတဲ့ စာနဲ့ဆုံးတဲ့ဖိုင်မှန်သမျှ သင်ကြိုက်သလိုပြင်နိုင်ပါပြီ။ ifile မှာမြန်မာကီးဘုတ် မပေါ်လာတဲ့အတွက် စိတ်မညစ်ပါနဲ့
ပြင်ချင်တဲ့ String တစ်ခုကိုနှိပ် Text Viewer ကိုရွေးပြီးတော့ဖွင့်လိုက်ပါ ပြီးရင် Edit ကိုနှိပ်ပြီးတော တစ်နေရာရာကို ဖိထားလိုက်ပါ ပြီးတော့ selact all ကိုနှိပ် copy လုပ် ပြီးရင် Home ကိုနှိပ်ပြီင်္းတော့
ထွက်လိုက်ပါ Note ကိုဖွင့်ပါ. ပြီးတော့ paste လုပ်လိုက်ပါ။ ကဲအခုဆိုရင် သင်ကြိုက်သလို မြန်မာစာပြောင်းရေးနိုင်ပါပြီ။

တစ်ခုတော့ သတိပေးပါရစေ မပြင်ခင်မှာ နောက်စာမျက်နှာ တစ်ခုဖွင့်ပြီးတော့ 
မူရင်း string တွေကို သိမ်းထားစေလိုပါတယ် ဒါမှသာ မိမိတစ်ခုခုမှားသွားလို့ error တက်ရင် မူရင်းစာတွေ ပြန်သွင်းနိုင်မှာပါ..  ဆက်လိုက်ရအောင် အားလုံးပြင်ပြီးရင် ပြင်ပြီးသားတွေကို ပြန်ကူး
ifile ကိုသွား ရောက်တာနဲ့ string ထဲကစာတွေကို ဖျက်ပြီးတော့ မိမိပြင်ပြီးသားတွေနဲ့ အစားထိုးပေးလိုက်ပါ. အားလုံးပြီးပြီဆိုရင် ဖုန်းကို Reboot ချပေးလိုက်ပါ ပြန်တက်လာရင် မြန်မာလိုပြင်ထား
ပြီးသား စာလေးတွေနဲ့ ဖလန်းဖလန်းထနိုင်ပါပြီ။ 


**(သတိ)** စာများပြောင်းရာတွင် ညီမျှခြင်း(=) ရဲ့နောက်က စာများကိုသာပြောင်းရမှာဖြစ်ပါတယ် Quotation_mark( " " ) လေးတွေရဲ့ အတွင်းက စာတွေကိုသာပြောင်းရမှာပါ 
ဥပမာ =
 "CANCEL" = "Cancel" ဆိုရင် "CANCEL" = "ပယ်ဖျက်ရန်"  ဆိုပြီး ပြောင်းရမှာဖြစ်ပါတယ် Screen Shoot တွေကိုတော့ အောက်မှာကြည့်ပါ။ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီးတော့
ရှင်းပြပေးထားပါတယ်။ 

 
 
 
 
 
 
 
 
 
 
အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. အဆင်မပြေတာရှိရင် Comment ပေးခဲ့ပါ
http://www.myanmaridroidappfree.com/2013/07/i-phone-setting-app.html

 

Pro Myankey V2.0 Beta (5) For Android

Saichitthulay | 3:29 AM | Best Blogger Tips 0 comments
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့်ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။


( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။

Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )
 
" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး 

ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့် ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။ 

အကယ်၍ သင်ဟာ 
Myankey 10 Keys ကို ရွေးချယ်ပြီး အသုံးပြုမည်ဆိုပါက
သင်၏ကီးဘုတ်မှာ အောက်ပါပုံအတိုင်း ( 
₪ ) ပုံလေးပါနေတာကို တွေ့ရပါမည် ။
 
သူ၏ လုပ်ဆောင်ချက်ကတော့  စာလုံးနှစ်လုံးဆင့် ရေးဖို့ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ် ။

1 - ( ကိစ ) အကိုအရင်ရေးပြီး 

2 - ( 
₪ ) ကိုရေးလိုက်ပါ
3 - ပြီးနောက် ( စ ) ကို ရေးလိုက်ပါ
( ကိစ္စ ) ဆိုပြီး အတွဲလိုက်လေး ဖြစ်သွားတာကို သင်မြင်တွေ့ရပါလိမ့်မယ် ။ 
 

 ဆော့ဖ်ဝဲဒေါင်းလော့ဆွဲရန်
Pro Myankey Keyboard


Credit>>>http://freemobilesharing.blogspot.com
 

Computer connector များအကြောင်း

Saichitthulay | 1:40 AM | Best Blogger Tips 0 comments
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
 
အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..
Motherboard ပေါ်ရှိ Switch panel
 
Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)
 
RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing)
Credit >>> ကိုစံငြိမ်း

2G,3G,4G အကြောင်း...

Saichitthulay | 8:33 PM | Best Blogger Tips 0 comments

"Your account is not valid for use in the .... store" Error ဖြေရှင်းနည်း

Saichitthulay | 11:26 PM | Best Blogger Tips 0 comments
အရင်ဆုံး ဒီစာတမ်းနဲ့အယ်ရာ ဘာကြောင့်ပေါ်လာတာလဲဆိုတာ ပြောပြပေးပါ့မယ်။ ကျွန်တော်တို့ အကြောင်းတစ်ခုခုကြောင့် သင့်ရဲ့  App Store က ကိုယ့်နိုင်ငံမဟုတ်ပဲနဲ့တခြားနိုင်ငံက စတိုး ၀င်နေတာပါ။ အဲ့ဒါကြောင့် တစ်ခုခုဝယ်ရင် ဒီအယ်ရာလေးတက်လာရတာပါ။ ဥပမာ-သင့်ရဲ့အကောင့်က US Account ဆိုကြပါစို့။ ဒါပေမယ့် သင့် iPad or iPhone ရဲ့ App Store က indonisian store ဖြစ်နေလို့ပါ။ ဒီဟာလေးကို အောက်ကဖော်ပြပေးထားတဲ့အတိုင်းဖြေရှင်းလိုက်ရအောင်......
- အရင်ဆုံး သင့်ရဲ့ iPhone or iPad ထဲကနေ App Store လေးထဲကိုဝင်လိုက်ပါ။
- App Store ထဲရောက်သွားပြီဆိုရင် ဘယ်ဖက်အောက်ဆုံးမှာရှိတဲ့ Feature လေးကိုနှိပ်ပါ။
- အောက်ဆုံးအထိ ဆွဲချလိုက်ပါ။အောက်ဆုံးမှာ သင်ရဲ့ လက်ရှိဝင်ထားတဲ့ Apple ID လေးမြင်ရပါလိမ့် မယ်။အဲ့ဒီအပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။
iOS 6 Bug: Your account is not valid for use in the xxx Store. You must switch to yyy Store before purchasing. 
ဒီလိုပုံမျိုးလေးတက်လာပါလိမ့်မယ်။
- အဲ့ဒီထဲကမှ View Apple ID ဆိုတာလေးကိုရွေးပေးလိုက်ပါ။
- ကိုယ့်ရဲ့ Apple ID ရဲ့ Password လေးထည့်ပေးလိုက်ပါ။
- ပြီးရင် ကိုယ်က နိုင်ငံပြောင်းချင်တာဆိုတော့ Country ဆိုတဲ့ ဘေးမှာ Edit ဆိုတာ ရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ပြီး United State ဆိုတာလေးကို ရွေးပေးလိုက်ပါ။
iOS 6 Bug: Your account is not valid for use in the xxx Store. You must switch to yyy Store before purchasing.
ဒီလိုလေးပေါ့နော်။
အားလုံးပြီးသွားပြီဆိုရင် အိုကေသွားပါပြီဗျာ။
မှတ်ချက်။     ကျွန်တော်က ဒီထဲမှာရှင်းပြသွားတာက US အကောင့်တွေအတွက်ပါ။ China မှာ        လုပ်တဲ့အကောင့်ဆိုရင်တော့ Country မှာ China ကိုရွေးပေးရမှာနော်။

iMessage Activation Error ဖြေရှင်းနည်း

Saichitthulay | 10:26 PM | Best Blogger Tips 0 comments
iPhone တွေမှာ iPad တွေမှာ ကျွန်တော်တို့တွေ အောက်မှာဖော်ပြပေးထားတဲ့ပုံအတိုင်း အယ်ရာလေးတွေ တက်လာတာတွေ့ဖူးကြမယ်လို့ထင်ပါတယ်။
အခု ဖြေရှင်းနည်းလေးကို ပြောပြမယ်နော်။
အရင်ဆုံး ကိုယ့် iPad (or) iPhone  ရဲ့ Setting လေးထဲကိုဝင်လိုက်ပါ။ ပြီးရင် Setting ထဲက General ထဲ ကိုဝင်ပါ။

iiMake sure debugging mode is enabled on HTC One and your computer have the HTC One driver installed.

Read more at AndroidJinn: How To Root HTC One and Install ClockworkMod Recovery or TWRP http://androidjinn.com/?p=12551
Make sure debugging mode is enabled on HTC One and your computer have the HTC One driver installed.

Read more at AndroidJinn: How To Root HTC One and Install ClockworkMod Recovery or TWRP http://androidjinn.com/?p=12551

iPhone ကို Lock ဖုန်းလား Unlock ဖုန်းလားဆိုတာ စစ်နည်း

Saichitthulay | 11:45 PM | Best Blogger Tips 0 comments
ဒီ Lock ဖုန်းလား Unlockဖုန်းလားဆိုတာ စစ်တဲ့နည်းကို နှစ်နည်းပြောပြပေးပါ့မယ်နော်။ တစ်နည်းကတော့ www.myanmarmobileapp.com မှာ တင်ထားပါတယ်။ ဒါကတော့ နောက်တစ်နည်းပေါ့နော်။ ဒီမှာတော့  နှစ်နည်းစလုံးကိုပြောပြပေးပါ့မယ်။တစ်ခုက Model No နဲ့ခွဲတာ နောက်တစ်ခုက IMEI နဲ့ခွဲတာ။
မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ Lock ဖုန်းတွေဆိုရင် မြန်မာပြည်မှာသုံးလို့မရပါဘူး ။ သုံးလို့ရအောင်လုပ်မယ်ဆိုရင်လည်း Unlock လုပ်ရဘာလုပ်ရနဲ့ အလုပ်တော်တော်ရှုပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်မယ့်ဖုန်းက Lock/unlock စစ်ချင်တဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အရင်ဆုံး 
- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ အောက်မှာ Model လို့ရေးထားတာလေးကို မှတ်သားထားလိုက်ပါ။
Model ကိုမှတ်ပြီးပြီဆိုရင်  အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်။
လွတ်နေတဲ့ အဖြူရောင် အကွက်လေးထဲမှာ ခုနက မှတ်ထားတဲ့ Model No. လေးကိုထည့်ပြီး Check ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ဖုန်းက lock ဖုန်းလား Unlock ဖုန်းလားဆိုတာ ဖော်ပြပေးပါလိမ့်မယ်။ အောက်က ဥပမာပုံကို ကြည့်ပေးပါ။
 
နောက်တစ်နည်းကိုတော့ ဒီမှာ   ကြည့်ပေးပါ။
Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family