ဒီ Lock ဖုန်းလား Unlockဖုန်းလားဆိုတာ စစ်တဲ့နည်းကို နှစ်နည်းပြောပြပေးပါ့မယ်နော်။ တစ်နည်းကတော့ www.myanmarmobileapp.com မှာ တင်ထားပါတယ်။ ဒါကတော့ နောက်တစ်နည်းပေါ့နော်။ ဒီမှာတော့ နှစ်နည်းစလုံးကိုပြောပြပေးပါ့မယ်။တစ်ခုက Model No နဲ့ခွဲတာ နောက်တစ်ခုက IMEI နဲ့ခွဲတာ။
မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ Lock ဖုန်းတွေဆိုရင် မြန်မာပြည်မှာသုံးလို့မရပါဘူး ။ သုံးလို့ရအောင်လုပ်မယ်ဆိုရင်လည်း Unlock လုပ်ရဘာလုပ်ရနဲ့ အလုပ်တော်တော်ရှုပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်မယ့်ဖုန်းက Lock/unlock စစ်ချင်တဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အရင်ဆုံး

- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ အောက်မှာ Model လို့ရေးထားတာလေးကို မှတ်သားထားလိုက်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ အောက်မှာ Model လို့ရေးထားတာလေးကို မှတ်သားထားလိုက်ပါ။
Model ကိုမှတ်ပြီးပြီဆိုရင် အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်။
လွတ်နေတဲ့ အဖြူရောင် အကွက်လေးထဲမှာ ခုနက မှတ်ထားတဲ့ Model No. လေးကိုထည့်ပြီး Check ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ဖုန်းက lock ဖုန်းလား Unlock ဖုန်းလားဆိုတာ ဖော်ပြပေးပါလိမ့်မယ်။ အောက်က ဥပမာပုံကို ကြည့်ပေးပါ။
နောက်တစ်နည်းကိုတော့ ဒီမှာ ကြည့်ပေးပါ။
0 comments:
Post a Comment