- အရင်ဆုံး သင့်ရဲ့ iPhone or iPad ထဲကနေ App Store လေးထဲကိုဝင်လိုက်ပါ။
- App Store ထဲရောက်သွားပြီဆိုရင် ဘယ်ဖက်အောက်ဆုံးမှာရှိတဲ့ Feature လေးကိုနှိပ်ပါ။
- အောက်ဆုံးအထိ ဆွဲချလိုက်ပါ။အောက်ဆုံးမှာ သင်ရဲ့ လက်ရှိဝင်ထားတဲ့ Apple ID လေးမြင်ရပါလိမ့် မယ်။အဲ့ဒီအပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။

ဒီလိုပုံမျိုးလေးတက်လာပါလိမ့်မယ်။
- အဲ့ဒီထဲကမှ View Apple ID ဆိုတာလေးကိုရွေးပေးလိုက်ပါ။
- ကိုယ့်ရဲ့ Apple ID ရဲ့ Password လေးထည့်ပေးလိုက်ပါ။
- ပြီးရင် ကိုယ်က နိုင်ငံပြောင်းချင်တာဆိုတော့ Country ဆိုတဲ့ ဘေးမှာ Edit ဆိုတာ ရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ပြီး United State ဆိုတာလေးကို ရွေးပေးလိုက်ပါ။

ဒီလိုလေးပေါ့နော်။
အားလုံးပြီးသွားပြီဆိုရင် အိုကေသွားပါပြီဗျာ။
မှတ်ချက်။ ။ကျွန်တော်က ဒီထဲမှာရှင်းပြသွားတာက US အကောင့်တွေအတွက်ပါ။ China မှာ လုပ်တဲ့အကောင့်ဆိုရင်တော့ Country မှာ China ကိုရွေးပေးရမှာနော်။
0 comments:
Post a Comment