ကျွန်တော်တို့တွေ Android Phone တွေမှာ Patten Lock လေးချထားတတ်ကြပါလိမ့်မယ်။ အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့တွေ Patten Lock လေးမေ့သွားခဲ့ရင် ဘယ်လိုရှင်းမလဲ..? အာ ဒါလေးများကွာ ဆိုင်မှာသွားလုပ်မှာပေါ့ လို့တော့မပြောနဲ့နော်။ ပိုက်ဆံကုန်သွားလိမ့်မယ်။ ဟိ။ ခုပိုက်ဆံ လည်းမကုန်အောင် ကိုကိုယ်တိုင်လည်း လုပ်တတ်အောင်လို့ နည်းလေးပြောပြပေးပါမယ်။ (ဆိုင်က လူတွေ တော့ မေတ္တာပို့ကြတော့မှာပဲ သူများစီးပွားရေးကို ဖျက်တယ်ဆိုပြီးတော့) ဟိ.... ကဲ စလိုက်ကြရအောင်... အရင်ဆုံး အောက်မှာပေးထားတဲ့ လင့်လေးကနေ ဒေါင်းလော့ဆွဲလိုက်ရအောင်။ပြီး ရင် ကျွန်တော်တို့တွေ ကွန်ပျူတာမှာ Install လုပ်ပြီး ဖုန်းလေးနဲ့ချိတ်လိုက်ပါ။ (ဖုန်းနဲ့မချိတ်ခင် ဖုန်းထဲမှာ USB debugging နဲ့ Unknow Sources ကိုတော့ အမှန်ခြစ်လေးပေးထားရမယ်နော်)။
ပြီးရင် အောက်ကပုံမှာ ကျွန်တော်မျှားလေးနဲ့ပြထားတဲ့ နေရာလေးတွေကို နှိပ်လိုက်ပါ။
မျှားပြထားတဲ့အတိုင်း Z ပုံစံလေးကို နှိပ်လိုက်ပါ။
ပြီးရင် အပေါ်က ပုံက မျှားပြထားတဲ့အတိုင်းလေးကို နှိပ်လိုက်ပါ။ ဘားတန်းလေးစိမ်းသွားတဲ့အထိစောင့်ပေး ပါ။
ကျွန်တော်ခုမြှားပြထားတဲ့ နေရာလေးကို နှိပ်ပေးပါ။ပြီးသွားပြီဆိုရင် ဖုန်းပေါ်ကနေ ကိုယ်ကြိုက်တဲ့ Patten Lock ပုံစံလေးဆွဲလိုက်ပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့တွဲထားတာလေးကို ဖြုတ်လို့ရပါပြီ။
Download Link>>> https://www.box.com/s/3hjrgdno8fdvceum8vxr
Download Link>>> https://www.box.com/s/3hjrgdno8fdvceum8vxr
အားလုံးပဲ အဆင်ပြေကြပါစေ။ ဝေဖန် သုံးသပ် အကြံပြု ဆွေးနွေးလိုပါက sai4ster@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။