Chrome တွင်မြန်မာစာမြင်ရအောင် လုပ်နည်း

Saichitthulay | 10:25 AM | Best Blogger Tips
             Chrome တွင် မြန်မာစာ မမြင်ရလို့ဆိုတဲ့ အကိုရေ။ အခုတင်ပေးလိုက်ပြီနော်။ အဓိကကတော့ အကို့ စက်ထဲမှာ Zawgyi Fonts တော့ ရှိဖို့လိုအပ်ပါတယ်။ အခုပြသနာက Zawgyi Fonts
ရှိပြီး မြန်မာလိုမပေါ်တာကို  ဖြေရှင်းပေးမယ့်နည်းလေးပါ။
အရင်ဆုံး Chrome ကို အရင်ဖွင့်ပြီး Option ထဲကို ၀င်ပြီးအောက်မှာ ပြပေးထားတဲ့ပုံအတိုင်း လုပ်ဆောင်ပေး ပါ။
 
ဒီအထက်ပါပုံမှာ change fonts and languages settings မှာ font တွေကို zawgyi one ပြောင်းပေးလိုက်ပါ ပြီးတော့ ok ဆိုရင် ရပါပြီး။မရသေးရင် ပိတ်ပြီး ပြန်ဖွင့်ပေးပါ။
အဲ့ဒီလိုပြောင်းလို့မှမြန်မာစာမရသေးရင် နောက်တစ်နည်း
        အရင်ဆုံး C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\User StyleSheets  ကိုရောက်အောင်သွားလိုက်ပါ။ အဲ့ဒီ StyleSheets ထဲမှာ Custom.css ဆိုတဲ့ဖိုင်လေးကို Notepad နဲ့ဖွင့်ပြီး အောက်မှာဖော်ပြပေးထားတဲ့စာကြောင်းလေးကို ရိုက်ထည့်ပေးပါ။
* , html, body, div,p {font-family:Zawgyi-One !important;} 
ပြီးရင် Save လုပ်လိုက်ပါ။ဒါဆိုရင် မြန်မာစာဖောင့်အဆင်ပြေသွားပါလိမ့်မယ်။ ဒီနည်းကတော့ ဘယ် Setting ထဲမှာမှသွားပြီးတော့ ပြင်စရာမလိုပါဘူး။ ကျွန်တော်ပြောတဲ့အတိုင်းလေးသာ လုပ်ကြည့်လိုက်ပါ။ အဆင်မပြေရင် မေးလ် ဒါမှမဟုတ် ကွန်မန့် ချန်ထားခဲ့ပေးပါ။
     ဒါနဲ့ရေးလက်စနဲ့မထူးပါဘူး Opera ထဲမှာလည်းမြန်မာလိုပေါ်အောင်တစ်ခါတည်း ရေးပေးလိုက်တယ်။
Setting>Preferences>Advanced>Fonts မှာ Zawgyi ကိုရွေးပေးလိုက်ပါနော်။ အဆင်ပြေပါစေဗျား။
 

0 comments:

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family