iPhone တွေအတွက် Custom Ringtones လုပ်နည်း

Saichitthulay | 4:59 AM | Best Blogger Tips
Read Full PostiPhone တွေမှာ ကိုယ်ကြိုက်တဲ့ Ringtones တွေလုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ့်စက်ထဲမှာ iTunes 11 or latter ရှိရပါမယ်။ ဒီပို့စ်မှာတော့ iTunes 11 ရှိပြီးပြီလို့ယူဆပါတယ်။ ကဲ Ringtone တွေဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းလေးကို စပြီးတော့ လေ့လာလိုက်ရအောင်...
(၁)  iTunes 11လေးကို စပြီးတော့ ဖွင့်ပြီးတော့ iTunes လေးထဲကို ကိုယ် Ringtones လုပ်ချင်တဲ့ သီချင်းလေးကို ထည့်ရပါမယ်။ (ကိုယ်ထည့်ချင်တဲ့သီချင်းက iTunes ထဲမှာ ရှိနေပြီးသားဆို ဒီအဆင့်ကို ကျော်သွားလို့ရပါတယ်။) ဘယ်လိုထည့်ရမလဲဆိုတော့... Files>Add File to library ကိုနှိပ်ပြီး တော့ ကိုယ်ထည့်ချင်တဲ့ သီချင်းလေးကို select ပေးပြီး open နှိပ်ပါ။ ဒါဆိုရင် iTunes ထဲကို ခုနက ထည့်လိုက်တဲ့သီချင်းလေးရောက်သွားပါလိမ့်မယ်။
(၂)  ခုနက ထည့်လိုက်တဲ့သီချင်းလေးပေါ်ကို Right Click နှိပ်ပြီး Get info ဆိုတာလေးကို ရွေးပေးပါ။
 
 (၃)  Info ထဲက Option ဆိုတာလေးကို ရွေးပေးပါ။ အဲ့ဒီမှာ Start Time နဲ့ Stop Time နေရာတွေမှာ ကိုယ့် Ringtones ကို ဘယ်ကနေစမည်ပြီး ဘယ်နေရာမှာဆုံးစေချင်တာလဲဆိုတာကို ထည့်ပေးပါ။ (မှတ်ချက်။  ။ စက္ကန့် ၃၀ ထက်မပိုရ။) ပြီးရင် Ok ကိုနှိပ်ပေးပါ။
(၄)  အဲ့ဒီမှာ ကိုယ့်ရဲ့ iTunes ထဲမှာ ကိုယ်ခုနက လုပ်လိုက်တဲ့ Ringtone လေးပြောင်းသွားပါလိမ့်မယ်။ ဒါပေမယ့်ဖွင့်လို့တော့မရသေးဘူးခင်ဗျ။ အဲ့ဒီကောင်လေးကို Format ပြောင်းပေးရဦးမှာမို့လို့ပါ။ အဲ့ဒီခုနက ကိုယ် create လုပ်ထားတဲ့ Ringtone လေးပေါ်ကို Right Click နှိပ်ပြီး Create AA Version ဆိုတာလေး ကိုရွေးပေးပါ။
ဒီလိုလေးပေါ့နော်။
(၅)   အဲ့ဒီလိုလေး AA Version လေးနှိပ်ပြီးသွားရင် သူ့ရဲ့မူရင်းသီချင်းအောက်လေးနားမှာ ကိုယ် AA Version ပြောင်းထားတဲ့ သီချင်းလေးနောက်ထပ်တစ်ခုပေါ်နေပါလိမ့်မယ်။ အဲ့ဒီသီချင်းလေးကို selectပေး ထားပြီးတော့ File>Show in Explorer (For Windows), File>Show in Finder (For Mac) လေးကိုရွေးပေးပါ။
(၆)  .m4a ဆိုတာလေးကို .m4r ဆိုပြီး ပြောင်းပေးပါ။ (တကယ်လို့ .m4a ဆိုတာလေး မပေါ်ခဲ့ရင် Tools>  Options လေးကို ရွေးပြီး View ထဲက High Extension For Know File Type ဆိုတာလေးကို အမှန်ခြစ်ထားတာ ဖြုတ်ပေးလိုက်ပါ။
(ရ)  .m4r လေးကို ပြောင်းပြီးသွားပြီဆိုရင် ကျွန်တော်တို့ iTunes ထဲက Tones ဆိုတဲ့ထဲလေးမှာ ကိုယ်ပြောင်းထားတဲ့ Ringtone လေးရောက်နေပါလိမ့်မယ်။ (တကယ်လို့ iTunes ထဲမှာ Tones ဆိုတာ မပေါ်ဘူးဆိုရင် ခုနက ကိုယ်ပြောင်းထားတဲ့ သီချင်းလေးကို iTunes ထဲကို drag-drop ဆွဲထည့်လိုက်ပါ။)
   ဒါဆိုရင်တော့ ကျွန်တော်တို့ Ringtones လေးတွေကို ကိုယ့် iPhone လေးထဲမှာ ထည့်ထားလို့ ရပါပြီခင်ဗျား။ ကျွန်တော်ပြောပြသည့် အကြောင်းရာများကို နားမလည်လျှင်ဖြစ်စေ၊ မရှင်းလင်းတာဖြစ်စေ
အောက်မှာ ကွန်မန့်ချန်ထားခဲ့နိုင်ပါသည်။ 

0 comments:

Related Posts Plugin for WordPress, Blogger...
Myanmar Mobile Family မှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ကျွန်တော့်ဆိုက်မှာနည်းပညာများကို ဖော်ပြစေလိုပါကsai4ster@gmail.com သို့ဆက်သွယ်နိုင်ပါသည်။
Copyright © Myanmar Mobile Family