ဂျပန်နိုင်ငံမှာ
စက်ရုပ်ကနေ ကြိုဆိုနှုတ်ခွန်းဆက်တာ ၊ ဟော်တယ်မှာ ဧည့်ကြိုလိုမျိုး လုပ်တာ ၊
စာသင်တဲ့ ဆရာမလုပ်တာ ၊ စတဲ့ အမျိုးမျိုးသော တီထွင် စမ်းသပ်ချက်တွေကို ဖတ်ရ
ကြည့်ရတော့ ကွန်ပြူတာကလည်း စက်ဖွင့်လိုက်တာနဲ့ ကျနော့်ကို ကြိုဆို
နှုတ်ခွန်းဆက်စကား ဆိုရင် ကောင်းမှာပဲလို့ တွေးကြည့်ဖူးတယ်။ ခုတော့ အဲ့ဒီလိုလုပ်နည်းလေးတစ်ခုကို လုပ်လို့ရပါပြီ။ အရင်ဆုံး
(၁) Notepad လေးကိုဖွင့်ပါ
(၂) ဟောဒီအောက်က code လေးတွေကို copy ကူးပြီးတင်လိုက်ပါ
Dim speaks, speech
speaks="Hi! Mr Win have a happy day. This is my wish for you today."
Set speech=CreateObject("sapi.spvoice")
speech.Speak speaks
(၃) ဒုတိယစာကြောင်းမှာ မျက်တောင်ကွင်း “..” လေးထဲက စာသားတွေကို ဖျက်ပြီး
ကြိုက်နှစ်သက်ရာ စာသားနဲ့ ပြောင်းရေးလိုက်ပါ ၊ အခုရေးထားတာက ကျနော်သုံးတဲ့
အတိုင်း ရေးထားတာမို့ နာမည်လေးပဲ ဖြစ်စေ ပြင်ရေးလိုက်ပါ ၊ အရေးကြီးတာက
အဲဒီမျက်တောင်ကွင်း inverted comas (Quotation marks) လေးတွေ မပျက်ပါစေနဲ့ ၊
သတိထားလိုက်ပါ
(၄) File menu ကိုနှိပ်ပြီး Save as ကိုရွေးပါ ၊
Save as Type ကို All files ထားပြီး File name ကို Welcome.vbs နဲ့ save
လုပ်လိုက်ပါ ၊
(၅) Save လုပ်လိုက်တဲ့ file လေးပေါ်ကို ကလစ်လုပ်ပြီး
အစမ်းနားထောင်ကြည့်ပါ ၊ မကြိုက်သေးရင် ပြင်ရေးပါ ၊ စိတ်ကြိုက်ရပြီဆိုရင်
သူ့အပေါ်မှာ right click ထောက်ပြီး copy ကူးယူထားလိုက်ပါ ။
(၆.က ) XP သမားများက ဒီအတိုင်းဝင်သွားပြီး Paste လုပ်လိုက်ပါ
C:\Documents and Settings\All Users\Start Menu\Programs\Startup
(၆.ခ) Vista နဲ့ Windows 7 သမားများက ဒီအတိုင်းဝင်သွားပြီး Paste လုပ်လိုက်ပါ
C:\Users\User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup
ပြီးပါပြီ ၊ နောက်တစ်ခါ စက်ဖွင့်တဲ့အခါ ရေးထားတဲ့အတိုင်း နှုတ်ဆက်စကား
ဆိုတာကို ကြားရမှာပါ ။ သာယာချိုမြသော နှုတ်ဆက်စကားသံများ
အစဉ်ကြားနိုင်ကြပါစေ ..
0 comments:
Post a Comment